DVB Logo
Home
မြန်မာသတင်း
ကိုရီးယားမင်းသား Ryu Sang Wook နှင့် ဝတ်မှုန်ရွှေရည်တို့ပါဝင်သည့် တိမ်တွေပေါ်ကပန်း ရုပ်ရှင် (နမူနာ)
DVB
·
November 19, 2019
ကိုရီးယားမင်းသား Ryu Sang Wook နှင့် ဝတ်မှုန်ရွှေရည်တို့ပါဝင်သည့် တိမ်တွေပေါ်ကပန်း ရုပ်ရှင် (နမူနာ)
Donate to DVB

       ကိုရီးယား-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ရိုက်ကူးထားတဲ့ “A Flower Above The Clouds – တိမ်တွေပေါ်ကပန်း”ရုပ်ရှင် Trailer ဟာ ထွက်ရှိပြီး နာရီ ပိုင်းအတွင်းမှာပဲ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သိန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Big Five ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ JVJ Entertainment တို့ ပူးပေါင်းရိုက်ကူးမယ့် ဒီရုပ်ရှင်ကားကိုတော့ ဒါရိုက်တာ စင်ရော်မောင်မောင်က ရိုက်ကူးခဲ့တာဖြစ်ပြီး အဓိက သရုပ်ဆောင်တွေအနေနဲ့ ကိုရီးယားသရုပ်ဆောင်မင်းသား Ryu Sang Wook နဲ့ မြန်မာ သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ကျော်ထက်အောင်၊ ဝတ်မှုန်ရွှေရည်၊ မေသန်းနုတို့ကလည်း ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲမှာ ပါဝင်မယ့် ဇာတ်ဝင်ခန်းတွေကိုတော့ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ဘူဆန်မြို့နဲ့ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တွေမှာလည်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒါရိုက်တာ စင်ရော်မောင်မောင်ကတော့ ဒီကားဟာ မြန်မာနိုင်ငံမှာရှိတဲ့ အနုပညာ ယဉ်ကျေးမှုအလှအပတွေနဲ့ကိုရီးယားနိုင်ငံမှာရှိတဲ့ယဉ်ကျေးမှုအလှအပတွေကို စိတ်ကူးပုံ ဖော်တင်ဆက်ပေးသွားမှာဖြစ်ပြီး ကိုရီးယားနိုင်ငံနဲ့ မြန်မာချစ်ကြည်ရေး အထိမ်းအ မှတ်တခု ဖြစ်မယ့် ရုပ်ရှင်ဇာတ်ကားတကားဖြစ်တယ်လို့ ရန်ကုန်မြို့ Lotte Hotel မှာ မေ လ ၃၀ ရက်က ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း မိတ်ဆက်ပွဲမှာ ပြောခဲ့တာပါ။

       လတ်တလောမှာတော့ ဒီရုပ်ရှင်ကားရဲ့ ရုံတင်ပြသမယ့် ရက်အတိအကျကိုတော့ သိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013