DVB Logo
Home
Lead Story
ပိုလန်တွင်ကျင်းပသည့် Miss Supranational ပြိုင်ပွဲ၌ အလှမယ် အိမ့်မျက်ခြယ်ဝင်ရောက်ယှဉ်ပြိုင် (ဓာတ်ပုံ)
DVB
·
November 19, 2019
ပိုလန်တွင်ကျင်းပသည့် Miss Supranational ပြိုင်ပွဲ၌ အလှမယ် အိမ့်မျက်ခြယ်ဝင်ရောက်ယှဉ်ပြိုင် (ဓာတ်ပုံ)
1 / 8
Donate to DVB

ပိုလန်နိုင်ငံမှာ ကျင်းပမယ့် Miss Supranational 2019 အလှမယ်ပြိုင်ပွဲမှာ ဝင် ရောက်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် အိမ့်မျက်ခြယ်ဟာ မနေ့က လေ ကြောင်းလိုင်းနဲ့ ထွက်ခွာသွားပါတယ်။

အသက် ၂၆ နှစ်အရွယ် အလှမယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကလည်း Miss Earth Myanmar အလှမယ်သရဖူကို ဆွတ်ခူးရရှိထားခဲ့သူ ဖြစ်ပါတယ်။

       အခုကျင်းပမယ့် Miss Supranational 2019 အလှမယ်ပြိုင်ပွဲကိုတော့ နိုဝင်ဘာလ  ၁၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၆ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။

       အလှမယ် Pageant ပြိုင်ပွဲတွေထဲမှာ ထင်ရှားတဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ ဒီပြိုင်ပွဲကို မြန် မာနိုင်ငံကိုယ်စားပြုအလှမယ်တွေအဖြစ် ၂၀၁၃ ခုနှစ်မှာ အလှမယ် ခင်ဝင့်ဝါ၊ ၂၀၁၄ ခုနှစ်မှာ အလှမယ် ဟန်သီ၊ ၂၀၁၅ ခုနှစ်မှာ အလှမယ် L ဘောက်နူး၊ ၂၀၁၆ ခုနှစ်မှာ အလှမယ် ဆွေဇင်ထက်၊ ၂၀၁၇ ခုနှစ်မှာ အလှမယ် ရွှေမှူးဟန်နဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခု နှစ်မှာတော့ အလှမယ် ရွှေအိမ်စည်တို့က သွားရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013