DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်မြို့နယ်၌ လူပေါင်း ၂၀၀၀၀ ခန့် စစ်ဘေးရှောင်ထွက်ပြေးနေရ
DVB
·
November 18, 2019
ရသေ့တောင်မြို့နယ်၌ လူပေါင်း ၂၀၀၀၀ ခန့် စစ်ဘေးရှောင်ထွက်ပြေးနေရ
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ကျေးရွာပေါင်း ၃၁ ရွာက  စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူ ၂၀၀၀၀ လောက်အထိရှိလာကြောင်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောပါတယ်။

ရသေ့တောင်မြို့နယ်ထဲမှာ နိုဝင်ဘာ ၁၂ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာ သတင်းတပတ်လောက် နီးပါးရှိနေပြီဖြစ်ပြီး ဒီကနေ့လည် တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က "လက်ရှိ ထွက်ပြေးနေရတဲ့ ကျေးရွာ ၃၁ ရွာလောက်ဖြစ်သွားပြီ။ အရင်ထွက်ပြေးနေရသူတွေနဲ့ဆိုရင် လူဦးရေ နှစ်သောင်းလောက် ရှိနေပါလိမ့်မယ်။ မနေ့က ရဟတ်ယာဉ်က  ပစ်တာကတော့ ရသေ့တောင်မြို့သင်္ချိုင်းနဲ့ ကန်တော်ကြီးကြားမှာ ကျတာတော့ရှိတယ်။ မနေ့ကလည်း သြရမတောင်တန်းတွေဘက်ကို လက်နက်ကြီး အဆက်မပြတ် ပစ်နေကြတယ်"လို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ရသေ့တောင် ရွာစုစုပေါင်း ၃၁ ရွာကတော့  ငတောက်တူချေ၊ ငတောက်တူကြီး၊ လမူတိုင်၊ နွားတင်းကုန်း၊ နွားလှကျော်၊ လိုင်ကွန်၊ ကျောက်တန်း၊ သမီးလှရွာဟောင်း၊ သမီးလှရွာသစ်၊ ထီးစွဲ၊ အောင်မြေကုန်း၊ ကံပြင်၊ ဘက္ကားရွာ၊ အောင်စည်၊ သောင်းဒရား၊ ရွာသစ်ကေ၊ ခနောင်ကြီး၊ ရစိုးချောင်း၊ ရေဘုတ်၊ မောင်ဖြူရွာ၊ ရကောင်းချောင်း၊ ကျောက်ရံ၊ ကုန်းချောင်း၊ အမျက်တောင်၊ ဆောက်ခက်၊ ဗောဓကုန်း၊ ရွှေလောင်တောင်၊ မြင်းကန်းချောင်၊ ဒိုင်းကျပ်၊ အောင်မြေကုန်း တို့ဖြစ်ပါတယ်။

အခုလက်ရှိ ရသေ့တောင်မြို့နယ်ရှိ ကျေးရွာတွေမှာ ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်စခန်း ၂၆ ခုရှိပြီး လူဦးရေ ၁၇၀၀၀ လောက်ခိုလှုံနေကြတယ်လို့ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက​ပြောပါတယ်။

"ခနောင်းကြီးနဲ့ ရွာသစ်ကေမှာ စစ်ဘေးရှောင် စခန်းကြီး နှစ်ခု အစိုးရက တည်ဆောက်နေတာရှိတယ်‌ ၅၀ ရာခိုင်နှုန်းပဲ ပြီးပါသေးတယ်။ လူနေလို့ မရသေးပါဘူး။ စစ်ဘေးရှောင်တွေရဲ့ လိုအပ်တာတွေကိုတော့ လူကယ်ပြန်က ထောက်ပံ့နေပါတယ်”

မြို့ပေါ်စစ်ဘေးရှောင်စခန်းတွေကတော့ ဓည၀တီဘုန်းတော်ကြီးကျောင်း စခန်း (၁၊ ၂)၊ ပြည်လုံးချမ်းသာကျောင်း၊ သာဿနဗိမ္မာန်ကျောင်း၊ ရွှေကျင်ကျောင်း၊ ဇောတိပါလကျောင်း၊ ဓမ္မာရုံကျောင်း၊ ပုပ္ပာရုံကျောင်း၊ ကိန်းသားဓမ္မကျောင်း၊ ပရဟိတ္တကျောင်း စတဲ့ စစ်ဘေးရှောင်စခန်း ၁၀ နေရာမှာ စစ်ဘေးရှောင် ၂၀၀၀ ကျော်နေထိုင်နေကြပါတယ်။

ရသေ့တောင်မြို့နယ်တခုလုံးမှာ ကျေးရွာအုပ်စု ၈၈ စု ကျေးရွာ ၁၉၇ ရွာ၊ မြို့ပေါ် ၄ ရပ်ကွက်ရှိပြီး စုစုပေါင်း လူဦးရေ ၁ သိန်းခွဲလောက်နေထိုင်ကြပါတယ်။

ကောင်းကောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013