Home
မြန်မာသတင်း
ကာကွယ်ရေးဦးစီးချုပ် ထိုင်းနှင့် တရုတ်နိုင်ငံသို့ သွားရောက်
DVB
·
November 18, 2019
vu-xeOU9rCY
Br-_kQRJqAM
HdnM4VjhHg4
fy6LO3cXyVk
cZvCU51kMlE
C5dkwQ7Dclc
bxAvs1M3Rxg
BsThQBegp9s
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အာဆီယံနိုင်ငံတွေရဲ့ ကာကွယ်ရေးနှင့်လုံခြုံရေး ဆိုင်ရာပြပွဲ(Defense & Security 2019) ကို တက်ရောက်ဖို့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ မနေ့မွန်းလွဲပိုင်းကတော့ ဘန်ကောက်မြို့ရှိ Marsun သင်္ဘောတည်ဆောက်ရေးကုမ္ပဏီနဲ့  e-Education လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ I Group ကုမ္ပဏီတို့ကို သွားရောက်လေ့လာ ကြည့်ရှုခဲ့တယ်လို့ တပ်မတော်က သတင်းထုတ် ပါတယ်။ Marsun သင်္ဘောတည်ဆောက်ရေးကုမ္ပဏီဟာ ၁၉၈၀ ပြည့်နှစ်ကတည်းက စတင်တည် ထောင်ခဲ့ပြီး ခရီးသည်တင်သင်္ဘော၊ ကမ်းတက်ရေယာဉ်၊ ရွက်လှေတွေနဲ့ ကင်းလှည့် အမြန်ရေယာဉ်တွေ  အပါအဝင် သင်္ဘော ပေါင်း ၃၁၀ ကျော်ကို ထုတ်လုပ်ရောင်းချထားပါတယ်။  ကာကွယ်ရေး ဦးစီးချုပ်ဟာ ထိုင်းခရီးစဉ်အပြီးမှာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် အကြမ်းဖက် နှိမ်နင်းရေးလက်တွေ့လေ့ကျင့်ခန်း ADMM-Plus (VIP Program)ကို တက်ရောက်ဖို့ ရှိနေပါတယ်။ မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့မှာ တပ်မတော်  (ကြည်း၊ရေ၊လေ) ညှိနှိုင်းကွပ်ကဲ ရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့  ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးတွေလည်း လိုက်ပါသွားတယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဓာတ်ပုံ- CINCDS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024