DVB Logo
Home
မြန်မာသတင်း
မိုးခေါင်ဒေသများတွင် ရေရရှိရေး လွှတ်တော်တွင် အဆိုတင်
DVB
·
January 24, 2013
မိုးခေါင်ဒေသများတွင် ရေရရှိရေး လွှတ်တော်တွင် အဆိုတင်
1 / 3
Donate to DVB

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မိုးခေါင်တဲ့အတွက် မိုးရွာသွန်းမှု နည်းလို့ ရေရှားပါးရပြီး ကျေးလက်နဲ့ ပြည်သူ့တွေရဲ့ စိုက်ပျိုးရေ၊ သောက်သုံးရေ ရှားပါးခက်ခဲနေတဲ့ အခြေအနေကို သိရှိအောင် အထူးအဖွဲ့များ စေလွှတ်စုံစမ်းဖို့ အဆိုကို တင်သွင်းတယ်လို့သိရပါတယ်။

[caption id="attachment_35731" align="alignright" width="150" caption="ဦးအောင်သောင်း(တောင်သာမဲဆန္ဒနယ်) အဆိုတင်သွင်းနေစဉ်"][/caption]

ဦးအောင်သောင်း တင်သွင်းတဲ့အဆိုကို ပြည်ထောင်စုအစိုးရအဖွဲ့က နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ စိုက်ပျိုးရေးနဲ့ လယ်ဆည်ဝန်ကြီးဌာနက ဖြေရှင်းတယ်လို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက ပြောပါတယ်။

“နယ်စပ်ရေးရာဝန်ကြီးဌာနမှာတော့ ရေတွင်းတူးတဲ့စက်နဲ့ အ၀ီစိတွင်းတူးတဲ့စက်ဆို ပေ ၃၀၀ လောက်ပဲတူးနိုင်တယ်တဲ့။ လယ်/ဆည်ဝန်ကြီးဌာနမှာတော့ ပေ ၁၀၀၀ အထိ တူးနိုင်တဲ့ စက်တွေရှိတယ်။ ဒါကြောင့် လယ်/ဆည်ဝန်ကြီးဌာနက နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ဘတ်ဂျက်နဲ့ အစီအစဉ်နဲ့ စက်တွေငှားပေးမယ်။ ပေါင်းလုပ်ပေးမယ်၊ အခုလည်းလုပ်နေကြပါတယ်ပေါ့။ အဲဒါနဲ့ ဒီအဆိုကို မှတ်တမ်းတင်ခိုင်းလိုက်တယ်။ အစိုးရကလည်း ဆက်လုပ်မယ်တဲ့။”

တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းရဲ့ အဆိုကို ပြည်သူ့လွှတ်တော်မှာ မှတ်တမ်းတင်ခွင့်ရရှိပြီး ပြည်ထောင်စုအစိုးရကလည်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013