DVB Logo
Home
ကျန်းမာရေး
ခြေထောက်ကပြောပြနေတဲ့ ကျန်းမာရေး
DVB
·
November 17, 2019
ခြေထောက်ကပြောပြနေတဲ့ ကျန်းမာရေး
Donate to DVB

ခြေထောက်လေးတွေက လမ်းလျှောက်ဖို့၊ ပြေးလွှားဖို့ မတ်မတ်ရပ်ဖို့လောက်ပဲ အသုံးဝင်တာလား။ လိုချင်တဲ့နေရာဆီကို အရောက်လှမ်းသွားနိုင်ဖို့ အထောက်အပံ့ပေးထားတဲ့ ခြေထောက်လေးတွေက ကျန်းမာရေးရဲ့ အချက်ပြအရာလေးတွေအဖြစ်လည်း လုပ်ဆောင်ပေးပါသေးတယ်။ ဘယ်လိုလက္ခဏာတွေများပြတာလဲသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

ခြေထောက်လေးက ပြောပြနေတဲ့ သင့်ကျန်းမာရေး


ကဲ….ခြေထောက်လေးကို သေချာလေးဆေးလို့ တစ်ချက်ချင်းစီ တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်နော်။

ခြေမလေးက အပေါ်ကော့ကော့လေးဖြစ်နေရင်

ခြေမကအရင်ကထက် အပေါ်ကို ခပ်ကော့ကော့လေးဖြစ်လာပြီဆိုရင် ပြင်းထန်တဲ့ ကျောက်ကပ်ရောဂါခံစားနေရတာဖြစ်နိုင်သလို နှလုံးရောဂါ၊  အစာအိမ်အူနံရံရောင်တဲ့ရောဂါ ကိုခံစားနေရတာဖြစ်နိုင်ပါတယ်။

ခြေချင်းဝတ်တွေ၊ ခြေဖမိုးတွေရောင်နေရင်

တကယ်လို့ သင့်ရဲ့ ခြေချင်းဝတ်တွေ၊ ခြေဖမိုးတွေက ရောင်နေမယ်ဆိုရင်တော့ သွေးတိုးနေတာဖြစ်နိုင်သလို၊ နှလုံးကျန်းမာရေး အားနည်းတာ၊ ကောက်ကပ်ထိခိုက်နေတာ၊ အသည်းထိခိုက်နေတာတွေကိုခံစားနေရတာဖြစ်ပါတယ်။

ခြေဖျားတွေအေးနေရင်

ခြေဖျားတွေက အေးစက်နေမယ်ဆိုရင်တော့ သွေးလည်ပတ်မှုသိပ်မကောင်းတာကြောင့်ဖြစ်နိုင်သလို သိုင်းရွိုက်ပြဿနာရှိနေတာလည်းဖြစ်နိုင်ပါတယ်။ ဒီပြဿနာက အမျိုးသားတွေထက် အမျိုးသမီးတွေမျာ ပိုအဖြစ်များပါ။ တကယ်လို့ သင်က အသက် ၄၀ ကျော်ပြီ အမြဲလိုလိုခြေဖျားတွေအေးနေမယ်ဆိုရင်တော့ သိုင်းရွိုက်စစ်ဆေးမှုလုပ်သင့်ပါတယ်။

ခြေထောက်ကအနာမကျက်ဘဲ ဖြစ်နေရင်

ခြေထောက်ကို မတော်တဆထိခိုက်မှုဖြစ်တာကြောင့် ထိခိုက်မိတဲ့ ဒဏ်ရာက အချိန်အတော်ကြာတဲ့အထိ အနာမကျက်ဘူးဖြစ်နေမယ်ဆိုရင်တော့ သွေးတွင်းသကြားဓာတ်ကိုစစ်ဆေးဖို့လိုပါမယ်။ ဒီလက္ခဏာက ဆီးချိုရှိသူတွေရဲ့ လက္ခဏာတစ်ရပ်ဖြစ်နေနိုင်တာကြောင့်ပါ။ မြန်နိုင်သမျှမြန်မြန် ဆရာဝန်နဲ့ပြသဖို့လိုပါမယ်။

ခြေထောက်တွေ ထုံကျဉ်နေရင်

ခြေထောက်တွေက အထိအတွေ့တွေကို မသိဘဲ ထုံနေမယ်ဆိုရင် ခြေထောက်က အာရုံခံနိုင်စွမ်းကျနေတာကြောင့်ဖြစ်နိုင်ပါတယ်။ အာရုံကြောလေးတွေပျက်စီးနေတာကြောင့် ဦးနှောက်ဆီကို သတင်းမပို့နိုင်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါက ဆီးချိုရောဂါရဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်သလို အရက်အလွန်အကျွံသောက်သုံးမှု၊ ဓာတုကုထုံးခံယူမှုတွေရဲ့ ရလဒ်ဖြစ်နိုင်ပါတယ်။

ခြေချောင်းအမွေးလေးတွေမရှိဘူးဆိုရင်

ခြေချောင်းမှာ အမွှေးလေးတွေမရှိတာ၊ ခြေသည်းအရောင်တွေပြောင်းနေတာက သွေးစီးဆင်းမှုမကောင်းတာရဲ့ လက္ခဏာတစ်ရပ်ပါ။ သွေးကြောလေးတွေမကျန်းမာဘူးဆိုတဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်သလို ရုတ်တရက်နှလုံးရပ်တာ နဲ့ လေဖြတ်တာကို ခံစားရနိုင်တယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ပါ။ ဆရာဝန်နဲ့သွားပြဖို့လိုပါမယ်။

ကြွက်တက်ရင်

ခြေထောက်ကကြွက်တက်မယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ချို့တဲ့နေတယ်ဆိုတဲ့ လက္ခဏာပါ။ နေ့စဉ်စားသုံးမှုမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် ဒါမှမဟုတ် ကယ်လ်ဆီယမ်နည်းနေတယ်ဆိုတဲ့ လက္ခဏာပါ။ လေ့ကျင့်ခန်းအလွန်အကျွံလုပ်မိနေတဲ့ လက္ခဏာလည်းဖြစ်နိုင်သလို ရေဓာတ်နည်းနေတဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ အာရုံကြောအားနည်းနေတာလည်းဖြစ်နိုင်ပါတယ်။

ခြေမအဆစ်တွေရောင်နေရင်

မြေအဆစ်တွေရောင်နေမယ်ဆိုရင် ဒါက အဆစ်ရောင်လေးဖက်နာရောဂါခံစားနေရတဲ့ လက္ခဏာပါ။ ဒီလက္ခဏာက ခြေချောင်းလက်ချောင်းလေးတွေက အဆစ်တွေမှာ အရင်ဆုံးလက္ခဏာပြတတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် လေးဖက်နာ အဆစ်ရောင်ရောဂါခံစားရနိုင်ခြေ ၄ ဆ ပိုများနေပါတယ်။

ခြေထောက်တွေ ခြောက်သွေ့ယားယံပြီးအဖက်တွေလန်နေရင်

တကယ်လို့ ခြေထောက်တွေက ခြောက်သွေ့ယားယံပြီး အဖက်တွေလန်နေမယ်ဆိုရင် ပေါ့ပေါ့တန်တန်မထားလိုက်ပါနဲ့။ ဒါကခြေထောက်မှာမှိုပိုးကူးစက်ခံနေရတဲ့ လက္ခဏာပါ။ သဲဝဲစားတာလည်းဖြစ်နိုင်ပါတယ်။ အရည်ကြည်ဖုလေးတွေဖြစ်လာပြီး ဖောက်မိတာကြောင့် နေရာအနှံ့မှာ ပြန့်သွားတာမျိုးဖြစ်နိုင်ပါတယ်။

ခြေဖဝါးတွေနာနေရင်

ခြေဖဝါးတွေနာနေတာက သင့်ကိုယ်အလေးချိန်ကရှိသင့်တာထက်များနေပြီလို့ ဖော်ပြနေတဲ့ လက္ခဏာတစ်ရပ်ပါ။ မနိုင်ဝန်ကို ထမ်းထားရတာကြောင့် ခြေဖဝါးတွေနာနေရတာပါ။

လမ်းလျှောက်လိုက်တိုင်း ခြေဖဝါးထဲကအရမ်းနာနေရင်

လမ်းလျှောက်တဲ့အခါတိုင်းခြေဖဝါးထဲက အရမ်းနာနေမယ်ဆိုရင်အရိုးပွနေတာဖြစ်နိုင်ပါတယ်။ ဗီတာမင် D အားနည်းနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

ခြေထောက်ထဲက ရုတ်တရက်စူးခနဲနာရင်

ဖိုင်နေရင်းကဖြစ်ဖြစ်၊ လမ်းလျှောက်ရင်းဖြစ်ဖြစ် ခြေဖဝါးအလယ်ထဲက စူးခနဲအောင့်တာမျိုးကြုံဖူးလား။ ဒါက အာရုံကြောထိခိုက်ပျက်စီးတာဖြစ်နိုင်ပါတယ်။ ခြေထောက်ကြွက်သားတွေ အားနည်းနေတာလည်း ဖြစ်နိုင်ပါတယ်။

ခြေသည်းလေးတွေက အဖျားကော့နေရင်

ခြေသည်းတွေက အလယ်မှာခွက်ပြီး အဖျားကကော့နေတာမှ ခြေသည်းခွံက ရေထည့်လို့ရတဲ့အထိတောင် ခွက်နေမယ်ဆိုရင်တော့  သံဓာတ်အားည်းတာကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါခံစားနေရတာဖြစ်နိုင်ပါတယ်။ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုက အာဟာချို့တဲ့နေတာ ဒါမှမဟုတ် သိုင်းရွိုက်ပြဿနာ ခံစားနေရတာဖြစ်နိုင်ပါတယ်။

ခြေသည်းမှာ အစင်းကြောင်းတွေဖြစ်နေရင်

ခြေသည်းမှာ အနက်ရောင် ဒေါင်လိုက်အစင်းကြောင်းတွေဖြစ်နေမယ်ဆိုရင် ဒါက အရေပြားကင်ဆာခံစားရနိုင်ခြေ အလားအလာရှိနေတယ်ဆိုတဲ့ လက္ခဏာပါ။ တကယ်လို့ ခြေသည်းတစ်ခုလုံးက အဝါရောင်ရင့်ရင့်ပြောင်းသွားမယ်ဆိုရင်တော့ မှိုပိုးကူးစက်ခံရတာပါ။

 

ရေးသားသူ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013