DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးရမိသည့် ကျပ်သိန်းပေါင်း ၂ သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများ မီးရှို့ဖျက်ဆီး
DVB
·
November 17, 2019
ဖမ်းဆီးရမိသည့် ကျပ်သိန်းပေါင်း ၂ သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများ မီးရှို့ဖျက်ဆီး
1 / 2
Donate to DVB

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့မှာ ကျပ်သိန်းပေါင်း ၂ သောင်းကျော် တန်ဖိုးရှိ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ ထိန်းချုပ်ဓာတုပစ္စည်းတွေကို နိုဝင်ဘာ ၁၆ နေ့က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 

နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက မူဆယ်မြို့နယ်၊ မိုင်းယုကျေးရွာအုပ်စု၊ နမ့်ဟွယ်တောင်ရွာ၊ ဗြုံးတောင်မှာ မြေကျင်းတူးပြီး မီးရှို့ဖျက်ဆီးခဲ့တာပါ။

၂၀၁၈ ခုနှစ်ကတည်း မူဆယ်မြို့မရဲစခန်းနဲ့ မန့်ဟီးရိုးနယ်မြေရဲစခန်းတို့က ဖမ်းဆီးရမိထားတဲ့ ထိန်းချုပ်ဓာတုပစ္စည်း စုစုပေါင်းအမှု ၁၀ မှုတို့မှ ဟိုက်ဒရိုကလိုရစ်အက်စစ်၊ အက်စီတုံး၊ အီသိုင်းအီသာ၊ ကဖင်း၊ အရိုးမီးသွေး၊ ဖီနိုင်းအက်စီတစ်အမှုန့်၊ ပိုတက်စီယမ်၊ အက်စီတစ်အရည်၊ အလူမီနီယမ်ဆာလဖိတ်နဲ့ အမည်းရောင်အရည်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး ကာလတန်ဖိုး စုစုပေါင်း သိန်းပေါင်း ၂ သောင်း ကျော်ဖိုး ရှိပါတယ်။



မူဆယ်မှာ လူငယ်အတော်များများ မူးယစ်ဆေး သုံးစွဲနေတာကြောင့် အခုလို မီးရှို့ဖျက်ဆီးတာဟာ အလွန်ကောင်းမွန်တယ်လို့ မူဆယ်မြို့၊ ကရုဏာလူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောကြာပါတယ်။ 

“မူဆယ်ဒေသမှာတော့ မူးယစ်ဆေးဝါးတွေက တော်တော်ပျံ့နှံ့နေပါတယ်၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ပြည်သူလူထုအတွင်းရော၊ မူဆယ်ဒေသက လူငယ်အတွင်းမှာရော မူယစ်ဆေးဝါးကြောင့် တော်တော်ဒုက္ခရောက်ကြပါတယ်၊ သုံးစွဲနေတဲ့သူတွေက ဒုက္ခရောက်သလို သုံးစွဲသူနဲ့ပတ်သက်တဲ့ မိသားစုဝင်တွေပါ အကုန်ဒုက္ခရောက်ကြပါတယ်၊ ဒါကြောင့် မူယစ်ဆေးဝါးနဲ့စိတ်ကို ပြောင်းလဲစေနိုင်တဲ့ ဓာတုပစ္စည်းတွေကို ခုလို မီးရှို့ဖျက်ဆီးတဲ့အတွက် အင်မတန်ကောင်းပါတယ်၊ အရမ်းလည်း ဝမ်းသာပါတယ်။”

မူးယစ်ဆေး မီးရှို့ဖျက်ဆီးပွဲကို ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကိန်မိုင်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသူရိန်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်ထိန်လင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ပြည်သူ့စစ်တပ်ဖွဲ့တွေ၊ လူမှုကူညီရေးအသင်းတွေနဲ့ ရပ်မိရပ်ဖတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013