DVB Logo
Home
မြန်မာသတင်း
မသင်္ကာဖွယ် ဘူးသီးအရေး ရခိုင်ပြည်နယ်အစိုးရ စစ်ဆေး
DVB
·
January 24, 2013
မသင်္ကာဖွယ် ဘူးသီးအရေး ရခိုင်ပြည်နယ်အစိုးရ စစ်ဆေး
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မသင်္ကာဖွယ် တွေ့ရှိရတဲ့ ဘူးသီးတွေကို ပြည်နယ်အစိုးရ အနေနဲ့ ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးဖို့ လုပ်နေတယ်လို့ ပြည်နယ်ပြောခွင့်ရသူက ဒီဗွီဘီကို ပြောပါတယ်။

စစ်တွေမြို့ပေါ် ဈေးကွက်အတွင်း ရောင်းချနေတဲ့ ဘူးသီးတွေမှာ အဆိပ်ပါနေတယ်ဆိုတဲ့ ကောလာဟလတွေ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၁ ရက်နေ့ကတည်းက ထွက်ပေါ်နေခဲ့တာပါ။

ဇန်န၀ါရီလ ၂၃ ရက်မှာတော့ စစ်တွေမြို့က စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့က သံဃာတော်တွေဟာ မြို့ပေါ် ၅ နေရာကို သွားရောက်ပြီး လှည့်လည်စစ်ဆေးခဲ့ကြရာ တနေရာမှာ မသင်္ကာဖွယ်ရာ ဘူးသီးတွေ့ခဲ့ပုံကို အဲ့ဒီအဖွဲ့က ဆရာတော် ဦးဥာဏက ခုလိုမိန့်ပါတယ်။

“မြို့ထဲက ၅ နေရာလုံးမှာတွေ့တယ်။ တွေ့တယ်ဆိုပေမယ့် အထောက်အထားကို ပြလို့ရမယ့် အနေအထား မရဘူး။ ဘောလုံးကွင်းနားက ဦးမောင်မြင့်ဆီမှာ သူပြုတ်လိုက်တဲ့ ဘူးသီးထွက်လာတဲ့အရည်ရယ်၊ မပြုတ်ရသေးပဲ ကျန်ခဲ့အချောင်းလေးတွေကို သက်သေခံပစ္စည်းအဖြစ်ရတယ်။ အဲဒါကိုယူပြီး ဓာတ်ခွဲခန်းတွေမှာ စစ်ဆေးပေးဖို့ အစိုးရဖွဲ့ကို ဦးဇင်းတို့ သွားပို့တယ်။ လူတွေ သံသယဖြစ်နေတာကို ပျောက်သွားအောင် တိတိကျကျ မှန်မှန်ကန်ကန် လုပ်ပေးပါ။”

ဘူးသီးကို ချက်ပြုတ်လိုက်ရင် အစိမ်းရောင်အရည်တွေ ထွက်လာတယ်။ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဦးဥာဏက မိန့်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရကတော့  ဒီကိစ္စနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုတွေ စတင်ပြုလုပ်နေပြီလို့  ပြည်နယ်ပြောခွင့်ရ ဦးဝင်းမြိုင်က ပြောပါတယ်။

“ကောလာဟလတွေလည်း များနေပါတယ်။ ချဲ့ကားပြီးပြောတာ များနေပါတယ်။ မဟုတ်တာတွေလည်း များနေတယ်။ တကယ်လို့ သက်ဆိုင်ရာဆေးခန်းတွေက ဟုတ်တယ်ဆိုရင် ဥပဒေအရ အရေးယူမှာပေါ့။ လာပေးတဲ့ဟာတွေကို ဟုတ်မဟုတ် ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးနေပါတယ်။”

စစ်တွေမြို့ပေါ်ကို အနီးအနား ကျေးရွာတွေမှာ စိုက်ပျိုးထွက်ရှိတဲ့ ဟင်းသီးဟင်းရွက်သစ်သီးဝလံတွေ အများဆုံးရောက်ရှိပြီး ရောင်းချ စားသုံးနေကြတာ ဖြစ်ပါတယ်။

ခုချိန်ထိတော့ ရခိုင်ပြည်နယ်မှာ  ဘူးသီးအပါအ၀င် ဟင်းသီးဟင်းရွက်တွေ စားသုံးတဲ့အတွက် ဒေသခံတွေ အကြား ဘေးအန္တရာယ်ဖြစ်တယ်ဆိုတဲ့ သတင်းတွေကတော့ မကြားသိရသေးကြောင်းပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013