DVB Logo
Home
မြန်မာသတင်း
မြန်မာ့ အဖြူ အမည်း ရုပ်ရှင်များ နိုင်ငံတကာအကူအညီဖြင့် ဒစ်ဂျစ်တယ်စနစ် ပြောင်းမည်
DVB
·
November 16, 2019
မြန်မာ့ အဖြူ အမည်း ရုပ်ရှင်များ နိုင်ငံတကာအကူအညီဖြင့် ဒစ်ဂျစ်တယ်စနစ် ပြောင်းမည်
Donate to DVB

ဟောင်းနွမ်းပျက်စီးနေတဲ့ မြန်မာ့ အဖြူ အမည်း ရုပ်ရှင်ဇာတ်ကားတွေကို ဒစ်ဂျစ်တယ်စနစ်နဲ့ ပြန်လည်ထိန်းသိမ်းဖို့ နိုင်ငံတကာအကူအညီနဲ့ ဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။

လက်ရှိမှာ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ သြစတြေးလျ စတဲ့ နိုင်ငံပေါင်း ၄ နိုင်ငံက စုပေါင်းပြီး အနှစ် ၅၀ သက်တမ်းရှိပြီဖြစ်တဲ့ မှုန်ရွှေရည်ဇာတ်ကားကို ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းပြီး ပြန်ကြားရေးဝန်ကြီးဌာနကို နိုဝင်ဘာ ၁၆ ရက်နေ့က ပေးအပ်ခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ ဂန္ထဝင်မြောက် ဇာတ်လမ်းအများအပြား ရှိပေမယ့် ထိန်းသိမ်းမှုအပိုင်း လိုအပ်ချက်တွေကြောင့် ဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦဖေမြင့်က ပြောပါတယ်။

လာမယ့် ၂၀၂၀ မှာ မြန်မာ့ရုပ်ရှင်သက်တမ်းဟာ နှစ် ၁၀ဝ ပြည့်တော့မှာပါ။ ဒီနှစ် ၁၀ဝ ပြည့်အခမ်းအနားမှာ ဒစ်ဂျစ်တယ်စနစ်ပြောင်းထားတဲ့ မြန်မာ့ အဖြူ အမည်း ရုပ်ရှင်ဇာတ်ကားတွေ ပြသဖို့ အစိုးရက စီစဉ်ထားပါတယ်။ 

လက်ရှိအချိန်အထိ နိုင်ငံတကာအကူအညီနဲ့ မြန်မာ့ဇာတ်ကားတွေဖြစ်တဲ့ မြဂနိုင်၊ ပျို့ချစ်လင်၊ ခြေဖဝါးတော်နုနုတို့ကို ထိန်းသိမ်းနိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ရေရှည်ထိန်းသိမ်းဖို့ နည်းပညာအကူညီတွေ လိုသေးတယ်လို့ Save Myanmar Film က ပြောပါတယ်။

လက်ရှိမှာ ဇာတ်ကားတွေအပြင် ၁၉၀၅ ခုနှစ်က သြစတြေးလျ နိုင်ငံသားတဦး ရိုက်ကူးထားတဲ့ ရန်ကုန်မြို့မြင်ကွင်းရုပ်သံမှတ်တမ်းနဲ့ မြန်မာသစ်လုပ်ငန်း ရုပ်သံမှတ်တမ်းကိုလည်း သြစတြေးလျနိုင်ငံရဲ့ အကူအညီနဲ့ ရုပ်ရှင်နှစ် ၁၀ဝ ပြည့်အခမ်းအနားမှာ ပြသသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013