AI ကုမ္ပဏီတွေက သူတို့ကိုယ်တိုင် ထိန်းသိမ်းသင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စက်တင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။
နည်းပညာနယ်ပယ်က အမှုဆောင်တွေနဲ့ တွေ့ဆုံပြီးနောက် AI နဲ့ပတ်သက်ပြီး သူတို့ကိုယ်တိုင် ထိန်းသိမ်းကြပ်မတ်နေတာ တွေ့ရတယ်လို့လည်း ထရမ့်ပ်က ဆိုပါတယ်။
ကုမ္ပဏီတွေက နည်းပညာရဲ့ ဆိုးကျိုးတွေကို ထိန်းချုပ်ဖို့ လိုတယ်ဆိုတာ သူတို့နားလည်ကြောင်း သူတို့အချင်းချင်း ထိန်းသိမ်းကြဖို့လည်း နားလည်ကြောင်း ထရမ့်ပ်က ပြောခဲ့ပါသေးတယ်။
အစိုးရအဖွဲ့က နည်းပညာလုပ်ငန်းကို စောင့်ကြည့်ဖို့ ကော်မတီဖွဲ့ဖို့ စဉ်းစားနေတယ်လို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
ထရမ့်ပ်နဲ့အတူ Nvidia၊ Meta၊ Alphabet၊ Anthrophic နဲ့ Tesla ကုမ္ပဏီတို့က စီအီးအိုတွေ တက်ရောက်ခဲ့ပါတယ်။
Tesla စီအီးအို အီလွန်မတ်စ်ခ်က AI နဲ့ စက်ရုပ်နည်းပညာ တိုးတက်မှုက ဝင်ငွေမြင့်မားလာမှုကို ဦးတည်စေတယ်လို့ ပြောပါတယ်။
AI အမှုဆောင်တွေနဲ့ တွေ့ဆုံပြီးနောက် ထရမ့်ပ်က သဘောတူညီမှုတခု ထုတ်ပြန်ခဲ့တာလည်း တွေ့ရပါတယ်။
အဲဒီစာရွက်စာတမ်းတွေကို ထရမ့်ပ်က ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။ အဲဒီဖော်ပြချက်မှာ AI ကို Super Intelligence လို့ ပြောင်းလဲ သုံးစွဲထားတာလည်း တွေ့ရပါတယ်။










