DVB Logo
Home
မြန်မာသတင်း
နေလင်းကျော်၊ နှင်းအိအိဝင်းတို့ လက်ပြနှုတ်ဆက်ခဲ့ရသည့် မြန်မာအိုင်ဒေါည(ရုပ်သံ)
DVB
·
November 16, 2019
နေလင်းကျော်၊ နှင်းအိအိဝင်းတို့ လက်ပြနှုတ်ဆက်ခဲ့ရသည့် မြန်မာအိုင်ဒေါည(ရုပ်သံ)
Donate to DVB

မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Idol Season 4 ရဲ့ Result Show မှာတော့ ပရိသတ်ပေးတဲ့ မဲအနည်းဆုံးဖြစ်တဲ့ ပြိုင်ပွဲဝင် နေလင်းကျော်နဲ့ နှင်းအိအိဝင်းတို့က  လက်ပြ နှုတ်ဆက်ခဲ့ကြရပြီ ဖြစ်ပါတယ်။

Top Finalists ၁၁ ဦးနဲ့ စတင်ခဲ့တဲ့ မြန်မာအိုင်ဒေါ Season 4 ရဲ့ ယှဉ်ပြိုင်မှုဟာ သီတင်းပတ် ၃ ပတ်ကို ဖြတ်ကျော်ခဲ့ပြီးချိန်မှာတော့ ပြိုင်ပွဲဝင် ၈ ယောက်သာ ကျန်ရှိနေပါတော့တယ်။

ပြိုင်ပွဲဝင်တွေရဲ့ စိတ်ကြိုက်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတဲ့ ပထမဆုံးသီတင်းပတ် Performance Show မှာတော့ ပြိုင်ပွဲဝင်တွေထဲကတဦးဖြစ်တဲ့ အလှမယ် ခြူးစစ်ဟန်က ပထမဆုံး နှုတ်ဆက် အိမ်ပြန်ခဲ့ရတာပါ။

ဒုတိယမြောက် သီတင်းပတ်ရဲ့ ရော့ခ်သီချင်းတွေနဲ့ ယှဉ်ပြိုင်တဲ့ညမှာတော့ နော်စေးစေးထူးက ပရိသတ်ပေးတဲ့ မဲအနည်းဆုံးနဲ့ ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာရဖို့ ဖြစ်လာချိန်မှာတော့ ဒိုင်တွေက Save လုပ်ပြီး ပြန်လည်ရွေးချယ်မှုနဲ့ နောက်တဆင့် ဆက်တက်ခဲ့တာမို့ ခုတပတ် တက္ကသိုလ်အမှတ်တရသီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်မှုမှာတော့ မဲအနည်းဆုံး ၂ ဦးကို ပြိုင်ပွဲက တဆင့်ဖြုတ်ချခဲ့ရတာပါ။

 Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ် အမှတ်ပေးနေကြတာဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။

လတ်တလောမှာတော့ ပြိုင်ပွဲဝင် ၈ ဦးဖြစ်ကြတဲ့ ယောကီး၊ ဘင်ဂျမင်ဆုန်း၊ နော် စေးစေးထူး၊ တန်ခွန်ကျော်၊ ထက်အဉ္စလီ၊ အက်စတာဒေါ့သ်ချင်းဆုန်၊ မူးလာနဲ့ အေးမြဖြူတို့က ဆက်လက်ယှဉ်ပြိုင်သွားကြမှာဖြစ်ပြီး နောက်တပတ်မှာတော့ ကန်းထရီးသီချင်းတွေနဲ့ ပြိုင်ပွဲဝင်ကြမှာ ဖြစ်ပါတယ်။

Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီစဉ်ပြီး ၂၀၁၆ ခုနှစ်မှာ Season 1 အဖြစ် ကျင်းပခဲ့ကာ Winner ဆုကိုတော့ စောလားထော်ဝါးက ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ Myanmar Idol Season 2 မှာတော့ Winner ဆုရှင်အဖြစ် သားငယ်က ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်ရဲ့ Myanmar Idol Season 3 နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြတဲ့  ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ကို အားပေးတဲ့ ပရိသတ်တွေအချင်းချင်းကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ် ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ဘဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ Season 4 မှာရော ဘယ်သူတွေက Winner ဆုကို ရရှိသွားမလဲ၊ နိုင်ငံအနှံ့က ဘယ်လိုရွ က်ပုန်းသီး အနုပညာရှင်တွေ ထွက်ပေါ်လာဦးမလဲ ဆိုတာကိုတော့ အပတ်စဉ် ကြာသပတေးနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013