DVB Logo
Home
သတင်းတို
ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နှင့် ကိုရီးယားခရီးစဉ် စတင်
DVB
·
January 24, 2013
ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နှင့် ကိုရီးယားခရီးစဉ် စတင်
1 / 2
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် ကျနေစဉ်က ပေးအပ် ချီးမြှင့်ခံထားရတဲ့ ငြိမ်းချမ်းရေးနဲ့ လူအခွင့်အရေးဆုတွေ လက်ခံယူဖို့အတွက်   အမေရိကန်ပြည်ထောင်စုနဲ့  တောင်ကိုရီးယားနိုင်ငံတွေကို ဒီကနေ့မနက်က စတင်ထွက်ခွာသွားပါတယ်။

မနက် ၉ နာရီလောက်မှာ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားတာဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကနေတဆင့် အမေရိကန်ပြည်ထောင်စု ဟိုနိုလူလူကို သွားရောက်မှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဟိုနိုလူလူမှာကျင်းပမယ့် ရိုထရီငြိမ်းချမ်းရေးဆွေးနွေးပွဲ (Rotary Peace Forum) ကို တက်ရောက်မိန့်ခွန်းပြောကြားမှာဖြစ်ပြီး ဟာဝိုင်အီငြိမ်းချမ်းရေးဆု (Hawaii Peace Award) ကို လက်ခံရယူမှာ ဖြစ်ပါတယ်။

ဇန်န၀ါရီ ၂၇ ရက်နေ့မှာတော့ ဟိုနိုလူလူကနေ တောင်ကိုရီးယားနိုင်ငံကို သွားရောက်မှာဖြစ်ပြီး ဂွမ်ဂျူး လူ့အခွင့်အရေးဆု လက်ခံယူဖို့နဲ့  ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးရေး ထိပ်သီးညီလာခံနဲ့ ဆောင်းရာသီ အထူးအိုလံပစ်ဖွင့်ပွဲတွေ တက်ရောက်ဖို့ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ်  ဦးဖြိုးဇေယျာသော်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်နဲ့ လုံခြုံရေး ဦးဇော်မင်းဦးတို့ လိုက်ပါသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013