DVB Logo
Home
Lead Story
မြူးကြွတဲ့ သံစဉ်တွေကြားက မြန်မာအိုင်ဒေါပြိုင်ပွဲဝင် အဆောင်သရဲလေး မူးလာ(ရုပ်သံ)
DVB
·
November 15, 2019
မြူးကြွတဲ့ သံစဉ်တွေကြားက မြန်မာအိုင်ဒေါပြိုင်ပွဲဝင် အဆောင်သရဲလေး မူးလာ(ရုပ်သံ)
Donate to DVB

“မာလာဆောင်နဲ့ပတ်သတ်လို့… ပုံပြင်လေးတပုဒ်ကြားဖူးတယ်… ဒီပုံပြင်ထဲက ဇာတ်လိုက်ကြီး… ဘယ်သူလဲလို့ မမေးပါနဲ့”

ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက တချိန်က တက္ကသိုလ်နယ်မြေမှာ နာမည် ကြီးခဲ့တဲ့ သီချင်းတပုဒ်ဖြစ်တဲ့ အဆောင်သရဲသီချင်းမှန်း သိကြပြီး ဖြစ်မှာပါ။

ဒီသီချင်းကတော့ တေးရေးတွေဖြစ်ကြတဲ့ ဆလိုင်းသွှအောင် ၊ စောဘွဲ့မှူးနဲ့  ဂျွန် သင်ဇမ်းတို့ ရေးစပ်ပြီး တေးသံရှင် ဖိုးချိုသီဆိုအောင်မြင်ခဲ့တဲ့ နာမည်ကြီးသီချင်းတပုဒ် ဖြစ်ပါတယ်။

ခုတခါမှာတော့ မြန်မာအိုင်ဒေါပြိုင်ပွဲဝင် မူးလာရဲ့ ဆန်းသစ်သီဆိုဟန်နဲ့ တက္က သိုလ်အမှတ်တရ သီချင်းတွေနဲ့ သီတင်းပတ် ယှဉ်ပြိုင်မှုမှာ ပရိသတ်တွေက ရှုစားခဲ့ကြရ တာပါ။

“အဆောင်မှာပွင့်တဲ့ ပန်းကြောင့်လား… ဂန္တဝင်မြောက်မယ့် အချစ်ကြောင့်လား… အဆောင်နားတဝိုက် တဝဲလည်လည်… အဆောင်နားမှာ သီချင်းဆိုတယ်... ထမင်းမှ စားရဲ့လား ရေတခွက်မှ သောက်ရဲ့လား… ဘာကိုမှလည်းစိတ်မဝင်စား… အ ဆောင်ရှေ့မှာကျင့်တဲ့တရား”

အဆောင်သူလေးကို စွဲလမ်းတဲ့ စိတ်နဲ့ ချစ်ခြင်းမေတ္တာကို အတိုင်းသားမြင်တွေ့ရ မယ့် ဒီသီချင်းကို ပုံစံအမျိုးမျိုးနဲ့ အဆိုတော်တွေ ပြန်လည်သီဆိုခဲ့ကြရပြီး အခုအချိန်ထိ လည်း ရိုးမသွားတဲ့ သီချင်းတပုဒ်ဖြစ်တဲ့ အဆောင်သရဲသီချင်းဟာ မူးလာရဲ့ ကိုယ်ပိုင်ဟန် နဲ့ လိုက်ဖက်ညီနေခဲ့တာကို တွေ့ရပါတယ်။

ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ နာမည်ကြီးသီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲ Season 4 ရဲ့ အမှတ်တရ တက္ကသိုလ်သီချင်းတွေနဲ့ သီတင်းပတ်ကို တော့ မနေ့ညက ကျင်းပ ခဲ့ပြီး ပြိုင်ပွဲဝင် ၁၀ ဦးက အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပုသိမ်မြို့က လာရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင် မူးလာဟာ ပထမသီတင်းပတ် Performance Show မှာတော့ အငဲရဲ့ အနိုင်နဲ့ပိုင်းသီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး Bottom 3 မှာ တကြိမ်ထိုင်ခဲ့ရဖူးပါတယ်။

နောက်တပတ်ရဲ့ Rock Week မှာတော့ နာမည်ကြီး ရော့ခ်ကာအဆိုတော် ဇော် ဝင်းထွဋ်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ဒီလိုသေချာတယ်သီချင်းနဲ့ အကောင်းဆုံးယှဉ်ပြိုင်ပြီး နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ။

ခုတပတ်ရဲ့ အဆောင်သရဲသီချင်းနဲ့ သီဆိုမှုအပြီးမှာ ဒိုင်တွေက ချီးကျူးမှတ်ချက် တွေ ပေးခဲ့ကြပြီး တင်ဇာမော်ကတော့ နှစ်ထောင်းအားရကျေနပ်မိပြီး တီးဝိုင်းနဲ့ အချိတ် အဆက်မိမိ အတိမ်းအစောင်းမရှိသီဆိုနိုင်ခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အောင်ကိုလတ်ကတော့ မူးလာကို Lion King လေးလို့ တင်စားပြီး ချီးကျူးခဲ့တာ ကို တွေ့ရပါတယ်။

Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အ ဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေ ကြတာဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။

လတ်တလောမှာတော့ ပြိုင်ပွဲဝင်တွေကို မဲပေးရွေးချယ်နိုင်မယ့် Voting Line တွေ ကို ဖွင့်ထားပေးပြီး MPT, Ooredoo နဲ့ Mytel စတဲ့ ကြိုက်နှစ်သက်ရာ ဖုန်းလိုင်းတွေက တဆင့်လည်း Vote ပေးနိုင်မှာ ဖြစ်ပါတယ်။

မူးလာရဲ့ Voting No. ကတော့ 77710 ဖြစ်ပြီး ဒီကနေ့ညနေ ၆ နာရီအထိ မဲ ပေးရွေးချယ် အားပေးနိုင်မှာ ဖြစ်ပါတယ်။

Top Finalists ၁၀ ယောက်သာ ကျန်ရှိနေတဲ့ ခုတပတ်ရဲ့ တက္ကသိုလ်အမှတ်တရသီ ချင်းတွေနဲ့ သီတင်းပတ်ရဲ့ Result Show ကိုတော့ ခုညနေမှာ သိကြရတော့မှာ ဖြစ်ပါ တယ်။

ခုတပတ်မှာတော့ ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် တက်သွားမလဲ၊ ဘယ်သူ တွေကတော့ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရမလဲဆိုတာကိုတော့ စောင့်မျှော် ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013