DVB Logo
Home
မြန်မာသတင်း
ပြည်နှင်ဒဏ်အပြစ်ပေးခံရသည့် မြန်မာ ၁၅ ဦးပါ ထိုင်းလ၀က ကားတိမ်းမှောက်၊ ၉ ဦး ဒဏ်ရာရ
DVB
·
November 14, 2019
ပြည်နှင်ဒဏ်အပြစ်ပေးခံရသည့် မြန်မာ ၁၅ ဦးပါ ထိုင်းလ၀က ကားတိမ်းမှောက်၊ ၉ ဦး ဒဏ်ရာရ
1 / 3
Donate to DVB

ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ ဒီကနေ့မနက်စောစောက  ပြည်နှင်ဒဏ် အပြစ်ပေးခံရတဲ့ မြန်မာတွေ တင်ဆောင်လာတဲ့ ကား ၁ စီး တိမ်းမှောက်သွားပြီး လူ ၉ ဦး ဒဏ်ရာရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

ဒီနေ့မနက် ၆ နာရီခွဲလောက်က တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မဲ့လမော့ ကျေးရွာအုပ်စု ဟွေ့ယအူကျေးရွာအနီး တောင်ပေါ်လမ်းတနေရာမှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူနာတင်ယာဉ်တွေနဲ့အတူ သွားရောက်စစ်ဆေး ကြည့်ရှုခဲ့တယ်လို့ မဲဆောက်ရဲစခန်း တာဝန်ကျရဲအုပ် ဖေးလင်းအင်းထဝမ်က သတင်းထောက်တွေကို ပြောပါတယ်။ 

ယာဉ်မတော်တဆဖြစ်ပွားတဲ့နေရာဟာ အင်္ဂလိပ်စာလုံး အက်စ်လို အကွေ့ဖြစ်နေတဲ့ တောင်ကုန်းပေါ်မှာဖြစ်ပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ အစိုးရဌာနဆိုင်ရာ စတစ်ကာ ကပ်ထားတဲ့ မှန်လုံကားတစီး တိမ်းမှောက်နေတာ တွေ့ရကြောင်း၊ ယာဉ်မောင်းဖြစ်သူ နိုင်းဝစ်ဆဒီ ဖိကွန်း ကယောက် (၂၅ နှစ်)မှာ ခေါင်းပေါက်သွားပြီး ကားပေါ်မှာ အရှိန်နဲ့တနေရာမှာ သွားစုပုံနေသူတွေ တွေ့ရတယ်လို့ သူကဆက်ပြောပါတယ်။ 

ယာဉ်မတော်တဆတိမ်းမှောက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသူ ၄ ဦး၊ ဒဏ်ရာ အနည်းငယ် ရရှိသူ ၅ ဦးကို မဲဆောက်ဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ကြောင်း၊ ကျန်သူတွေမှာ ဒဏ်ရာမရပေမယ့် ထိတ်လန့်တုန်လှုပ်နေကြတယ်လို့ ဆိုပါတယ်။ 

စစ်ဆေးချက်အရ ကားပေါ်လိုက်ပါလာသူတွေဟာ ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ပရကန် ခရိုင်ထဲကနေ ပြစ်ဒဏ်အမျိုးမျိုးနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေဖြစ်ကြောင်း၊ လုပ်ထုံးလုပ်နည်းအရ သူတို့ကို ပြစ်ဒဏ်ပေးပြီး မြန်မာပြည်ပြန်ပို့ဖို့ လ၀က ကားနဲ့ တင်ဆောင်လာရာမှာ အခုလို မတော်တဆထိခိုက်မှုနဲ့ ကြုံရတာလို့ ဆိုပါတယ်။ 

ယာဉ်မတော်တဆဖြစ်ရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရသေးပေမယ့် အဆိုပါနေရာဟာ ကုန်းတက်လမ်းအကွေ့ဖြစ်ပြီး မိုးတွေရွာထားတဲ့အတွက်  လမ်းချော်ပြီး တိမ်းမှောက်သွားတာဖြစ်နိုင်တယ်လို့ မဲဆောက်ရဲတပ်ဖွဲ့က ခန့်မှန်းပြောဆိုပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013