
ချဲလ်ဆီးအသင်းဟာ လာမဲ့နွေရာသီမှာ အသင်းကနေ ထွက်ခွာချင်နေတဲ့ ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်အတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၂၀ သန်း တောင်းဆိုသွားမှာ ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရာသီက အဆင့် ၁၀ သာ ရခဲ့လို ဥရောပဝင်ခွင့် လွဲချော်ခဲ့ပြီးနောက် အသက် ၂၅ နှစ်အရွယ် အာဂျင်တီးနားကွင်းလယ်လူဟာ အသင်းပြောင်းဖို့ စိတ်အားထက်သန်နေတာဖြစ်ပြီး သူ့ကို ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေပါတယ်။
နည်းပြသစ် ဇာဘီအလွန်ဆိုရဲ့ စီမံကိန်းမှာ ဒု-အသင်းခေါင်းဆောင် ဖာနန်ဒက်ဇ်ကို ဆက်ထိန်းချင် ပေမဲ့ စာချုပ်သစ်ဆွေးနွေးမှု အဆင်မပြေဖြစ်နေသလို၊ ကစားသမားကိုယ်တိုင်ကလည်း ရီးရဲလ်ဘက် ကို ခြေတော်တင်စကားတွေ ပြောခဲ့ဖူးပါတယ်။
ချဲလ်ဆီးဘက်ကတော့ ၂၀၂၃ က ပေါင် ၁၀၆ ဒသမ ၈ သန်းနဲ့ ခေါ်ခဲ့တဲ့ သူ့ကို တန်ဖိုးလျှော့ပြီး လွယ်လွယ်နဲ့ လက်လွှတ်သွားမှာ မဟုတ်ပါဘူး။
Photo:Reuters










