Home
မြန်မာသတင်း
မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ကူညီမည်ဟု ဂျပန်ဝန်ကြီးချုပ်ပြော 
သူဇာလင်း
·
November 14, 2019
74217828_2864112120279546_2804628195637198848_o
74214370_2864111936946231_7804499061993635840_o
74464362_2864112180279540_7041909828834295808_o
74862776_2864112370279521_2125315079812415488_o
ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီ ဆောင်ရွက်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားလိုက်ပါတယ်။  ဒီမနက် ရန်ကုန်မြို့ရှိ  ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ ကျင်းပတဲ့   ၁၅ ကြိမ်မြောက် ဂျပန်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီအစည်းအဝေး ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြားလိုက်တာပါ။ မြန်မာနိုင်ငံရဲ့ မြို့ပြနဲ့ကျေးလက်ဒေသတွေရဲ့ ဖွံ့ဖြိုးရေးကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍနဲ့ လျှပ်စစ်စွမ်းအင်ကဏ္ဍတွေကို ဦးစားပေးကူညီလုပ်ဆောင်သွားမယ်လို့လည်း ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ကူညီသွားမယ်လို့ လည်း ဂျပန်ဝန်ကြီးချုပ်ပြောထားတာရှိပါတယ်။ ဂျပန်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးမှာ အကြီးစားစက်မှုလုပ်ငန်း၊ လေကြောင်းလုပ်ငန်း၊ နည်းပညာဆိုင်ရာလုပ်ငန်း၊ ဥပ‌ဒေအကြံပေးလုပ်ငန်း၊ ပညာရေးနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စွမ်းအင်လုပ်ငန်းအစရှိတဲ့ ကဏ္ဍတွေကို အပြန်အလှန် ဆွေးနွေးမှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတက်ရေး လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေပါ ဆွေးနွေးသွားကြမှာဖြစ်ပြီး ဂျပန်စီးပွားရေး လုပ်ငန်းရှင်တွေ တက်ရောက်ပါတယ်။  လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ ဂျပန် စီးပွားရေးကုမ္ပဏီပေါင်း ၄၀၀ ကျော် ရှိပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ ဂျပန်လူမျိုး  ၃၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်း ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024