Home
မြန်မာသတင်း
မောင်တောတွင် စိတ်ကြွဆေးပြား ၁ သိန်းခွဲကျော် ဖမ်းမိ
DVB
·
November 14, 2019
75439533_3686854851340102_5108355890507939840_n
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မနေ့က စိတ်ကြွဆေးပြား ၁ သိန်းခွဲကျော် ပိုင်ရှင် (စိစစ်ဆဲ) အား သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ ၁၃ ရက်နေ့ မနက် ၁၁ နာရီလောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သတင်းအရ မောင်တောမြို့နယ်၊ လသာ(အောက်)ကျေးရွာရဲ့ အရှေ့ဘက်လယ်ကွင်းပြင်မှာ ဆာလာအိတ်နဲ့ ထည့်ထားတဲ့ WY/R စာတမ်းပါစိတ်ကြွဆေးပြား ၁၆၅၇၅၀ ပြားအား ပိုင်ရှင်(စိစစ်ဆဲ) တွေ့ရှိသိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။ ပိုင်ရှင်(စိစစ်ဆဲ)အား မောင်တောမြို့မရဲစခန်း၊ မယ(ပ) ၄၈/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က) နဲ့ အမှုဖွင့်စုံစမ်းနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024