DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံက မသန်စွမ်းကလေးငယ်များ ပညာရေးနှင့် ကျန်းမာရေး အခက်အခဲကြုံတွေ့နေ 
DVB
·
November 14, 2019
မြန်မာနိုင်ငံက မသန်စွမ်းကလေးငယ်များ ပညာရေးနှင့် ကျန်းမာရေး အခက်အခဲကြုံတွေ့နေ 
1 / 3
Donate to DVB

မြန်မာနိုင်ငံက မသန်စွမ်းကလေးသူငယ်တွေဟာ ကျန်းမာရေး၊ပညာရေးမှာ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ (UNICEF)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ  ဒုတိယဌာနေကိုယ်စားလှယ် ပေါလ်အက်ဒ်ဝပ်က ပြောပါတယ်။ 

၂၀၁၆ခုနှစ်က ယူနီဆက်နဲ့လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး မသန်စွမ်းမှုဆိုင်ရာ စစ်တမ်း ကောက်ခံရရှိမှုကို အခြေခံပြီး နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက ကရင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမမှာလုပ်တဲ့ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့်မှတ်ပုံတင်ခြင်းလုပ်ငန်း ဆရာဖြစ်သင်တန်းမှာ ပြောဆိုလိုက်တာပါ။

ဒုတိယဌာနေကိုယ်စားလှယ် ပေါလ်အက်ဒ်ဝပ်က “မသန်စွမ်းတဲ့ ကလေးငယ်တွေဟာ တခြားကလေးငယ်တွေနဲ့ယှဉ်ရင် ကျန်းမာရေး၊ ပညာရေးစတဲ့ ဝန်ဆောင်မှုတွေမှာဆိုရင် သူတို့အတွက် နည်းနည်းပိုပြီးတော့ အခက်အခဲရှိတယ်။ စိန်ခေါ်မှုတွေရှိတယ်ဆိုတာကို တွေ့ရတယ်”လို့ ပြောပါတယ်။

ဒါ့ကြောင့် ရှေ့ဆက်ဆောင်ရွက်သွားမယ့်လုပ်ငန်းတွေမှာ အစိုးရအနေနဲ့ လိုအပ်တဲ့နေရာမှာ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ ယူနီဆက်အဖွဲ့က ပါဝင်ပြီးတော့ ကူညီပံ့ပိုးဆောင်ရွက်ပေးမယ် လို့လည်းပြောပါတယ်။

ရန်ကုန်မြို့က မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဦးသန်းဇော်ဦးကလည်း မြန်မာနို်ငငံမှာ မသန်စွမ်းသူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေရှိနေဆဲပဲလို့ ပြောပါတယ်။

“အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေး၊ ဥပဒေအရ မခွဲခြားပေမယ့် ခွဲခြားဆက်ဆံမှုက သိသိသာသာလျော့နည်းနေတဲ့ အနေအထားတော့ မရှိသေးဘူး။ အခက်အခဲတွေရှိနေသေးတယ်”

ဆရာဖြစ်သင်တန်းကို နိုဝင်ဘာ ၁၃ ရက်မှ ၁၆ ရက်နေ့ထိသင်ကြားပေးမှာဖြစ်ပြီး မသန်စွမ်းကလေးငယ်တွေ အတန်း ပညာရေးမှာ အကြုံဝင်ပါဝင်လာနိုင်ဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အထောက်အကူပစ္စည်းတွေ ရရှိစေဖို့စတာတွေအတွက် ရည်ရွယ် ပြုလုပ်တာပါ။

၂၀၁၄ ခုနှစ်က ကောက်ခံခဲ့တဲ့ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ ကလေးသူငယ်ဦးရေ ၁၇ ဒသမ ၂ သန်းရှိပြီး ကလေးသူငယ် ၁ ဒသမ ၃၅ သန်းဟာ မသန်စွမ်းတာကို တွေ့ရှိရပါတယ်။

ကရင်ပြည်နယ်အတွင်း အမြင်အာရုံချို့ယွင်းသူ ၅၄၀ ဦး၊ အကြားအာရုံချို့ယွင်းသူ ၇၉၂ ဦး၊ ဉာဏ်ရည်အားနည်းသူ ၈၉၈ ဦး၊ ကိုယ်အင်္ဂါမသန်စွမ်းသူ ၃၅၆၂ ဦး စုစုပေါင်း မသန်စွမ်းသူ ၆၀၀၀ နီးပါး ရှိတယ်လို့ လူမှုဝန်ထမ်းက ထုတ်ပြန်ထားတဲ့စာရင်းတွေအရ သိရပါတယ်။

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013