DVB Logo
Home
မြန်မာသတင်း
ရနောင်းတွင် တရားမ၀င် မြန်မာအလုပ်သမား ၆၁ ဦး ဖမ်းဆီးခံရ
DVB
·
January 23, 2013
ရနောင်းတွင် တရားမ၀င် မြန်မာအလုပ်သမား ၆၁ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းခရိုင်ထဲမှာ ဒီကနေ့မနက်က တရားမ၀င် မြန်မာအလုပ်သမား ၆၁ ဦးကို ဖမ်းဆီးရမိတယ်လို့ နေရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

[caption id="attachment_35652" align="alignleft" width="150" caption="စစ်ဆေးရေးဂိတ်တခု"][/caption]

ရနောင်းခရိုင် ကရဘူရီမြို့နယ်ထဲမှာ နယ်စပ်ကနေ တရားမ၀င် အလုပ်သမားတွေ တင်ဆောင်လာမယ့်အကြောင်း သတင်းရထားတဲ့အတွက် နယ်မြေခံစစ်တပ်က  စစ်ဆေးရေးဂိတ်တခုကနေ စောင့်ပြီးစစ်ဆေးရာမှာ ဟိုင်းလပ်စ်ကား ၂ စီးပေါ်က မြန်မာအလုပ်သမားပေါင်း ၆၁ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ ထိုင်းစစ်တပ်  တပ်မဟာ ၂၅ ထိပ်စတရီး စစ်ကြောင်း တပ်ခွဲမှူး ထ၀ပ်ချိုင်း ထိဝဆာဆစ်က ထိုင်းသတင်းဌာနကို ပြောပါတယ်။

စစ်ဆေးချက်အရ  ဖမ်းဆီးရမိသူတွေထဲမှာ အမျိုးသား ၄၃ ဦးနဲ့ အမျိုးသမီး ၈ ဦး ပါဝင်ကြောင်း၊ ထိုင်းနိုင်ငံမှာ အနိမ့်ဆုံး လုပ်အားခ တနေ့ ဘတ် ၃၀၀ ရမယ်လို့ ပွဲစားက ပြောတဲ့အတွက်  ၀င်ရောက်လာတာဖြစ်ကြောင်း၊ ပွဲခအနေနဲ့ တဦးကို ဘတ် ၆၅၀၀ ကနေ ဘတ် ၁၀၀၀၀ ထိ ပေးရပြီး  ချွန်းဖွန်းခရိုင် တာ့ဆေးမြို့နယ်ထိ သွားဖို့ဖြစ်ကြောင်း၊ မလေးရှားထိ  သွားမယ့်သူဆိုရင် ဘတ် ၁၅၀၀၀ ထိ ပေးရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အသက် ၁၇ နှစ်အရွယ် ကားမောင်းသူ အမျိုးသမီးငယ် တဦးအပါအ၀င် အခြားထိုင်းလူမျိုး ၂ ဦးနဲ့ ဖမ်းဆီးရမိသူ အလုပ်သမားအားလုံးကို ဆက်လက်အရေးယူဖို့ ကရပူရီရဲစခန်းကို ဆက်လက်ပို့ဆောင်သွားမယ်လို့ တပ်ခွဲမှူးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013