DVB Logo
Home
မြန်မာသတင်း
ထိုင်းမြောက်ပိုင်းတွင် မြန်မာအပါအဝင် ၃ ဦးထံက အိုက်စ်မူးယစ်ဆေး အလေးချိန် ၁ တန် ဖမ်းမိ 
DVB
·
November 13, 2019
ထိုင်းမြောက်ပိုင်းတွင် မြန်မာအပါအဝင် ၃ ဦးထံက အိုက်စ်မူးယစ်ဆေး အလေးချိန် ၁ တန် ဖမ်းမိ 
Donate to DVB

ထိုင်းမြောက်ပိုင်း ဖိကျစ်ခရိုင်ထဲမှာ မြန်မာနိုင်ငံသား ၁ ဦးအပါအဝင် လူ ၃ ဦးထံက ဘတ်သန်း ၄၀၀ ကျော်တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေး အလေးချိန် ၁၀၀၀ ကီလိုဂရမ် (၁တန်)ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဒီမနက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ချင်းရိုင်းခရိုင်ဘက်ကနေ ဖယောင်းခရိုင်ကိုဖြတ်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်းကို  မူးယစ်ဆေးဝါးအချီကြီး သယ်ဆောင်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့  အဆိုပါ လမ်းကြောင်းတလျှောက် စောင့်ကြပ်စစ်ဆေးနေခဲ့တာပါ။ 

နိုဝင်ဘာ ၁၀ ရက်ညမှာတော့ ဖယောင်းခရိုင်ဘက်ကနေဝင်လာတဲ့ မသင်္ကာဘွယ် အီဇူဇူးကား ၂ စီး နောက်ကို နောက်ယောင်ခံလိုက်လာရာမှာ ၁ စီးကို ဖိကျစ်ခရိုင် ထပ်လော့မြို့နယ် ခေါင်ဆိုင်ဈေးအနီးမှာ ဖမ်းမိခဲ့ပြီးလမ်းပြအဖြစ် မောင်းလာတဲ့ နောက်ထပ် ၁ စီးကိုတော့ နိုဝင်ဘာ ၁၁ ရက်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူးအကူအညီနဲ့  လယ်ကွင်းတခုထဲ ပုန်းနေတာကို ဖမ်းမိပါတယ်။ 

စစ်ဆေးချက်အရ ကားပေါ်မှာ  တအိပ်ကို မူးယစ်ဆေးဝါး အထုပ်ငယ်ပေါင်း  ၂၅ ထုပ်စီထည့်ထားတဲ့ ဓာတ်မြေ‌ဩဇာအိတ်ပေါင်း ၄၀ ကိုတွေ့ရှိခဲ့တာပါ၊  အဆိုပါ အထုပ်ငယ် ၁ ထုပ်မှာ အိုက်စ်ရေခဲမူးယစ်ဆေး ၁ ကီလိုစီ ပါတဲ့အတွက် စုစုပေါင်း အလေးချိန် ၁၀၀၀ ကီလိုဂရမ်၊ တန်ဖိုး ဘတ်ငွေ သန်းပေါင်း ၄၀၀ ကျော်ကို သိမ်းဆည်းရမိတယ်လို့  ထိုင်းရဲတပ်ဖွဲ့ ဒုရဲချုပ် ဝိစနုပရဆတ် က ပြောပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက နိုင်းဝေါရချွန်း ရှဲ့ဝမ် (၂၁ နှစ်)၊ နိုင်းကလိန်းကိုင်း ဖစ်ကျန်ထရန်းဆီ ( ၂၂ နှစ် ) နဲ့ မြန်မာနိုင်ငံသား နိုင်းခုမ်ရှဲ့လီ (၃၅ နှစ်) တို့ကို ဖမ်းဆီးထားပါတယ်။

သူတို့ ၃ ဦးဟာ အဆိုပါ မူးယစ်ဆေးဝါးတွေကို ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင်ကနေ အငှား သယ်ဆောင်ပေးလာတာဖြစ်ပြီး ထိုင်းအလယ်ပိုင်း ဘန်ပအင်နဲ့ အယုဒ္ဓယခရိုင်ကနေတဆင့် ထိုင်းတောင်ပိုင်းနဲ့ မလေးရှားနိုင်ငံဘက် ပို့ဆောင်ဖို့ ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။ 

နောက်ထပ် မူးယစ်ဆေးဝါးအမှုတခုမှာတော့ နိုင်ငံခြားသို့ ပါဆယ်ထုတ်တွေ ဝန်ဆောင်ပေးပို့နေတဲ့ ကုမ္ပဏီတခုရဲ့ အကြောင်းကြားချက်အရ အိုက်စ်မူးယစ်ဆေး ၈ ကီလိုဂရမ်ကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ 

အဆိုပါ ပါဆယ်ထုတ်ဟာ ထိုင်ဝမ်နိုင်ငံသား ၂ ဦးက ဂျပန်နိုင်ငံ အိုဆာကာမြို့ကို တိုင်ကပ်နာရီတွေ ပို့ဆောင်ပေးဖို့ လာအပ်ထားခဲ့ကြောင်း၊  အထုပ်တွေရဲ့ အလေးချိန်ဟာ မူမမှန်တဲ့အတွက် ဝန်ထမ်းတွေက စစ်ဆေးရာမှာ တိုင်ကပ်နာရီအလုံးပေါင်း ၂၀ ပါရှိပြီး ပြုပြင်ထားတဲ့ နာရီအိမ် အနောက်မှာ အိုက်စ်မူးယစ်ဆေးတွေ ထည့်ထားတာလို့ ဆိုပါတယ်။

ပါဆယ်ပို့သူကို စစ်ဆေးဖို့ ရှာဖွေရာမှာတော့ တဦးက မလေးရှားနိုင်ငံဘက် ထွက်ပြေး သွားပြီး နောက် တဦးက ထိုင်းနိုင်ငံထဲမှာဘဲ ပျောက်ဆုံးနေတယ်လို့  ဒုရဲချုပ်က ပြောပါတယ်။ 

ကိုးကား- Manager Online/ Thaipost 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013