DVB Logo
Home
မြန်မာသတင်း
မြန်မာနယ်စပ်တည်ငြိမ်နေဟု တရုတ်ဆို
DVB
·
January 23, 2013
မြန်မာနယ်စပ်တည်ငြိမ်နေဟု တရုတ်ဆို
Donate to DVB

မြန်မာအစိုးရက ကချင်ပြည်နယ်မှာ တိုက်ပွဲရပ်ဖို့ ထုတ်ပြန်ပြီးနောက်ပိုင်းမှာ တရုတ်-မြန်မာနယ်စပ်တလျှောက် တည်ငြိမ်မှုတွေ ရှိလာတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မစ္စတာ ဟောင်းလီက ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

[caption id="attachment_35649" align="alignright" width="150" caption="တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မစ္စတာ ဟောင်းလီ"][/caption]

“ယူနန်ပြည်နယ်က ရတဲ့ သတင်းအရဆိုရင် လက်ရှိအခြေအနေမှာတော့  မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေမှာ တည်ငြိမ်နေပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေဟာ တရုတ်နိုင်ငံ အနေနဲ့ အထူးအာရုံ စိုက်ရပါတယ်။ ဆွေးနွေးစကားပြောခြင်းဟာ   ပဋိပက္ခဖြေရှင်းဖို့ တခုထဲသောအဖြေဖြစ်ပါတယ်။ သက်ဆိုင်သူတွေ အပစ်ရပ်ပြီး စတင်  ဆွေးနွေးညှိနှိုင်းကြဖို့ မျှော်လင့်တယ်” လို့ ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ အနောက်တောင် နယ်စပ်တလျှောက်နဲ့ အဲ့ဒီဒေသမှာ နေထိုင်တဲ့ တရုတ်လူမျိုးတွေကို ကာကွယ်ဖို့  ယူနန်အစိုးရက လုပ်ဆောင်နေတယ်လို့လည်း မစ္စတာဟောင်းလီက ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ကန့်ကွက်ကြောင်းနဲ့ အပစ်ရပ်ဖို့ကိုလည်း တိုက်တွန်းခဲ့သလို နယ်စပ်တလျှောက်မှာ လုံခြုံရေး အင်အားတိုးမြှင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က ရန်ကုန်မြို့မှာ တရုတ်အစိုးရရဲ့ အထူးသံတမန် Fu Ying နဲ့ သမ္မတဦးသိန်းစိန် တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခဖြစ်ရင် တရုတ်နိုင်ငံကိုလည်း အကျိုးဆက်တွေ ထိရောက်စေပါတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013