DVB Logo
Home
Lead Story
ပူတာအိုအလှအပမြင်ကွင်းတွေနဲ့ မယ်လိုဒီခေါင်ရဲ့ သီချင်းသစ်-“မြင်နိုင်ပါစေ”(ရုပ်သံ)
DVB
·
November 13, 2019
ပူတာအိုအလှအပမြင်ကွင်းတွေနဲ့ မယ်လိုဒီခေါင်ရဲ့ သီချင်းသစ်-“မြင်နိုင်ပါစေ”(ရုပ်သံ)
Donate to DVB

“မင်းကြောင့် ငါ့နှလုံးသား… အချစ်တခုစတင်ခဲ့တာ… ငါ့ဘဝရဲ့ အရာရာဖြစ်လာ … နင်သာ ငါအချစ်ရဆုံးပါ… ငါ အတ္တဆန်ခဲ့သူကို ဒီအချစ်ကြောင့်ပါ… ဟား ဟာ… မင်း ကို ပိုင်ဆိုင်လို၏… ဒီစိတ်နဲ့ ငါရူးမိ”

ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ သီချင်းသစ်တပုဒ်ဖြစ်ပြီး အွန်လိုင်း ပေါ်မှာတော့ နာမည်ကြီးနေခဲ့တာပါ။

“မြင်နိုင်ပါစေ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ Joseph Fish က ရေးစပ် ပေးထားတာဖြစ်ပြီး The Voice Myanmar တေးသံရှင် မယ်လိုဒီခေါင်က သီဆိုထားခဲ့တာ ဖြစ်ပါတယ်။

“ငါ ဘယ်လောက်ထိများ ခံစားတာ… နင်မှ မသိနိုင်ခဲ့တာ… နင့််ကြောင့်ငါ… ရင် ဘတ်တခုလုံး ပေါက်ကွဲလုမတတ်ပဲ… နင်နဲ့ငါ့အကြောင်း စဉ်းစားတွေးတိုင်း… ပါးပြင် ထက်မျက်ရည်… ဒီအချစ်သက်သေ”

မယ်လိုဒီခေါင်ဟာ မြန်မာနိုင်ငံမှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ် ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ် အနယ် ရှိခဲ့ကြတာ ဖြစ်ပါတယ်။

မယ်လိုဒီခေါင်ကတော့ ဒီပြိုင်ပွဲမတိုင်ခင်မှာ The X Factor Myanmar Season 2 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူတဦး ဖြစ်ပါတယ်။

     The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့် စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိ ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၀ နှစ်အရွယ် မယ်လိုဒီခေါင်ဟာ နိုဗန်ထူး၊ ပေါလ်အော်စတင်၊ ဟေဇယ်လ်စတဲ့ ပြိုင်ပွဲဝင်တွေနဲ့ ဖိုင်နယ်အဆင့်မှာ ယှဉ်ပြိုင်ခဲ့ရပြီး သူက နာမည်ကြီး တေးသံရှင် ထူးအိမ်သင်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ဂျပ်ဆင်ထိပ်က လရိပ်ပြာသီချင်းနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပေမယ့် Winner ဆုကိုတော့ မရရှိခဲ့ပါဘူး။

“မြင်နိုင်ပါစေ… ငါယုံကြည်ချက်ထား… ရှင်သန်နေမယ်… ဒီအချစ်တခုအတွက် သာ… ငါတန်ဖိုးထားတာ မင်းတယောက်ပါ… ကျန်တာ ငါ့အတွက် ဘာမှမရှိ… လိုနေ တာ မင်းတယောက်ပါပဲ မင်း… ငါသိပ်ချစ်ခဲ့တာ ငါအသိဆုံးပေါ့ကွာ… နင်တယောက် သာ ငါအရူးအမူးပဲဟာ… ငါ့ဘဝမှာ နင်သာ အသက်ထက်တန်ဖိုးထားတာ မင်း… သိပ် ချစ်လွန်းလို့ပါ”

ကချင်ပြည်နယ်မြောက်ဖျား ပူတာအိုမြို့မှ လှပတဲ့ မြင်ကွင်းတွေနဲ့ ရိုက်ကူးပုံဖော် ထားတဲ့ ဒီသီချင်းရုပ်သံကိုတော့ မယ်လိုဒီခေါင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှတ ဆင့် မျှဝေထားခဲ့တာဖြစ်ပြီး လတ်တလောအချိန်ထိ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသိန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013