DVB Logo
Home
Lead Story
သံဃာတွေအတွက် သီးသီးသန့်သန့်လှူမယ်ဆို… (ကြော်ငြာဆောင်းပါး)
DVB
·
November 13, 2019
သံဃာတွေအတွက် သီးသီးသန့်သန့်လှူမယ်ဆို… (ကြော်ငြာဆောင်းပါး)
1 / 4
Donate to DVB

ဒီနှစ် ကထိန်အတွက် ထူးထူးခြားခြားလေးဖြစ်အောင် ဖေနဲ့ မေတို့ ဒါလေးလှူမလားလို့ သမီးက မေးလာပြီး သူပြတဲ့ လက်ကမ်းစာစောင်လေးကို ကြည့်ပြီး တအံ့တသြဖြစ်ရတယ်။

သင်္ကန်းလျှော် ဆပ်ပြာရည်တဲ့။ သံဃာတွေအတွက် ရေချိုးဆပ်ပြာတဲ့။ အိုး... တခါမှ မကြားခဲ့ဖူးပါဘူး။ မွေးကင်းစကလေးတွေ အသားအရေ နုနယ်တဲ့ ကလေးတွေအတွက် ဘေဘီဆပ်ပြာလေးတွေပဲ Set လိုက်ရောင်းတာ မြင်ဖူးခဲ့တာကိုး။

ဒါနဲ့ သမီးကို မေးမိတာပေါ့။ ဘုန်းကြီးလည်း မေတို့လိုလူပဲ မဟုတ်လား၊ ဘာကွာလို့ ဆပ်ပြာကို ခွဲထားရတာလဲ။ လူတွေ ဝတ်တဲ့ အဝတ်အစားတွေနဲ့ ဘုန်းကြီးတွေရဲ့ သင်္ကန်းတွေကရော အထည်အလိပ် အတူတူပဲ မဟုတ်လား။ ဘာတွေ ထူးခြားလို့ ခွဲထားရတာလဲပေါ့။ သမီး ပြန်ပြောပြတာလေး ဖောက်သည်ချပြရဦးမယ်နော်။

ဒီလို သမီးက ပြောတယ်။

သံဃာတွေအတွက် ထုတ်လုပ်ထားတဲ့ သင်္ကန်းလျှော်ဆပ်ပြာရည်က လူတွေအတွက် ဆပ်ပြာတွေလို ဘာနံ့ ညာနံ့ စတဲ့ အမွှေးနံ့သာတွေ ထည့်ထားတာ မဟုတ်ဘူးတဲ့။ အစိုနံ့တွေအပြင် မကောင်းတဲ့ အနံ့အသက်တွေကို အမွှေးအကြိုင်အနံ့တွေနဲ့ ဖုံးပြီး ပျောက်စေတာမျိုး မဟုတ်ဘဲ သူတို့ ဖော်မြူလာမှာ ကြေးညှော်နဲ့အတူ မှိုနံ့ ချွေးနံ့ ပျောက်ရမယ်။ ရေအများကြီး သုံးစရာ မလိုဘဲ ပြောင်စင်သွားမယ့်အပြင် ဆပ်ပြာကြောင့် သင်္ကန်းဆွေးတာလည်း မဖြစ်ရအောင် ထုတ်လုပ်ထားတယ် ဆိုပဲ။ ကောင်းလိုက်တာနော်။

ဒါဆို ဆပ်ပြာကိုရော ဘာတွေ ထပ်ထည့်ထားသေးလဲလို့ မေက စိတ်ဝင်တစား ထပ်မေးရပြီလေ။ ခေတ်ကြီးကလည်း တိုးတက်လာလိုက်တာနော်။ အမယ်… သူ ပြောပြတာ မေဖြင့် အငေးသား နားထောင်နေရတယ်။ သမီးက ဘယ်လိုသိလာလဲ ဆိုတော့ အဲဒီလက်ကမ်း ‌ကြော်ငြာကတင်မကဘဲ သူက SME အသေးစား အလတ်စား စက်မှုလက်မှု လုပ်ငန်းပြပွဲတွေမှာ ပြတဲ့ သူတို့ ဆိုင်ခန်းမှာပါ သေချာစပ်စုလာတာဆိုပဲ။ မေ့သမီး ဆိုတော့လည်း စပ်စုပေတော့မပေါ့နော်။



သံဃာတော်တွေအတွက် ကိုယ်တိုက်ဆပ်ပြာသီးသန့်အကြောင်း သူ ပြောပြတာကတော့ အသေးစိတ်ပဲ။ အဓိက စန္ဒကူးဆီ ထည့်ထားတာပဲတဲ့။ စန္ဒကူးနံ့သာတုံးကို ကြိတ်ထည့်ထားတာမျိုး မဟုတ်ဘူး မေ တဲ့။ စန္ဒကူးနံ့သာတုံးက အဆီကို ထုတ်လိုက်ပြီး အဲ့အဆီစစ်စစ်နဲ့ပဲ  ဆပ်ပြာရည်နဲ့ ဆပ်ပြာတုံးတွေ ဖန်တီး ထုတ်လုပ်လိုက်တာတဲ့။ တိရစ္ဆာန်အဆီတွေ လုံးဝ မပါဝင်ဘူး ဆိုတာလည်း ရာနှုန်းပြည့် အစမ်းသပ်ခံပြီး အာမခံသတဲ့လေ။

စန္ဒကူးအပင်က ထုတ်တဲ့ စန္ဒကူးအဆီစစ်စစ် ဖြစ်တာကြောင့် အနံ့လေးက သင်းပျံ့ပျံ့လောက်ပဲ ရှိပြီး သံဃာတော်တွေအတွက် သင့်တော်တာပေါ့နော်။ လူတွေအတွက်ကျတော့ အဆီပြန်တဲ့ အသားအရေ။ ခြောက်သွေ့တဲ့ အသားအရေ စသဖြင့် လူတွေလို အလှအပအတွက် သီးသန့်ခွဲခြားထားတာမျိုး မဟုတ်ဘဲ ကျန်းမာရေးကို အလေးပေးထားတဲ့ သံဃာတော်တွေအတွက်သာ သီးသန့် ထုတ်လုပ်ထားတာပါတဲ့။ သံဃာတော်တွေနဲ့ တွဲဖက်ဖို့ သိပ်မသင့်တော်တဲ့ မိန်းကလေးပုံပါတဲ့ ဆပ်ပြာတွေလဲ လှူစရာ မလိုတော့ဘူးပေါ့လေ။

ခုလို ဆိုတော့လည်း အခါကြီး ရက်ကြီးတွေမှာ လှူဒါန်းဖို့ သံဃာတော်တွေအတွက် သီးသန့် အသုံးတည့်လွန်းတဲ့ အလှုပစ္စည်းအသစ် တိုးလာတာပေါ့။ အဲဒီပစ္စည်းလေးတွေရဲ့ ကုန်အမှတ်တံဆိပ်နာမည်ကလည်း မြန်မာဆန်ဆန်နဲ့ တခါကြားရုံနဲ့ တန်းခနဲ မှတ်မိသွားစေမယ့် နာမည်လေးပါ။

ရွှေမုဒြာ တဲ့။

သူတို့က ဆောင်ပုဒ်လေးနဲ့တောင် တွဲထားသေးတယ်။

“စိတ်ထားဖြူစွာ မြတ်သံဃာ ရည်စူးလှူပါ ရွှေမုဒြာ” တဲ့။

နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ သံဃာတော်တွေ အတွက်ရော ပြည်တွင်းက သံဃာတော်တွေ အတွက်ပါ လှူဖွယ်ပစ္စည်း အသစ်လေးအဖြစ် ဂုဏ်ယူစွာ လှူဒါန်းလို့ရပြီပေါ့။

ဒီလို ထုတ်လုပ်ပေးဖို့ စိတ်ကူးစိတ်သန်းကောင်းကောင်းလေးကို အကောင်အထည်ဖော် ထုတ်လုပ်ပေးတာက လူငယ်မျိုးဆက်သစ်တွေ ဦးစီးတဲ့ Shwe Mudra Monastic Co.Ltd ပါတဲ့လေ။ ဖုန်းနဲ့ ဆက်သွယ်ချင်တယ်ဆိုရင်တော့ +959 955137481/ +959765137481, Viber: +959 955137481 တို့ကို ဆက်သွယ်နိုင်ပါတယ်နော်။

Email : [email protected]

Website : http://shwemudra.com  မှာလည်း ခေတ်ပေါ်ဆက်သွယ်နည်းတွေနဲ့ ဆက်သွယ်လို့ရပါတယ်။

ဒါက တကယ့် မြန်မာပြည်မှာ ထုတ်လုပ်တဲ့ မြန်မာ့ထုတ်ကုန်စစ်စစ်ပါနော်။ မေ့သမီး စပ်စုစိန်လေးရဲ့ ကျေးဇူးနဲ့ သိလာရတဲ့ အချက်အလက်မှန်တွေကို မေက မေ့သူငယ်ချင်းမိတ်ဆွေတွေကို ဖောက်သည်ချ သိစေတာပါ။ ခုလို ဖတ်ပေးတဲ့အတွက် ကျေးဇူးအထူးပါနော်။



ချစ်တဲ့

မေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013