DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်တွင် ဆင်ဖြူကန်ရေဆိုးထုတ်မြောင်းကျိုးပြီး ရွာထဲရေဝင်နေ 
DVB
·
November 13, 2019
ဝမ်းတွင်းမြို့နယ်တွင် ဆင်ဖြူကန်ရေဆိုးထုတ်မြောင်းကျိုးပြီး ရွာထဲရေဝင်နေ 
1 / 6
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ စည်ပင်ကုန်းရွာမှာ မိုးရေတွေကြောင့် ဆင်ဖြူကန်ရဲ့ ရေဆိုးထုတ်မြောင်း ကျိုးပျက်ကာ ရွာထဲရေတွေဝင်နေပြီး မိသားစု ၂၀ လောက်နဲ့ စပါးစိုက်ဧက ၂၅ ဧကလောက် ရေနစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတောင်သူဦးကျော်မြင့်က " အခုဆို ရေအနက် ၃ပေ ကျော်လောက် ဝင်နေတယ်။ မနှစ်ကတည်းက သက်ဆိုင်ရာကို ရွာကလူတွေ သွားပြောကြတယ်။ ဘတ်ဂျက်တော့မပါဘူး အဆင်ပြေအောင်လုပ်ပေးမယ် ပြောတယ်။ အခုထိတော့ အဆင်မပြေသေးဘူး။ နိုဝင်ဘာလ ၈ရက်ကတည်းက ရေတွေဝင်နေတဲ့ မိသားစုတွေ ရေထဲသွားလာနေရလို့ အခက်အခဲဖြစ်နေတယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်တုန်းကလည်း  ရွာထဲရေတွေဝင်နေတာ ၂ကြိမ်ရှိခဲ့ပြီး  အခုအကြိမ်ရောဆို ရွာထဲရေဝင်တာ ၃ကြိမ်ရှိပြီလို့သိရပါတယ်။ 

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်က "အဲရွာတွေ ရေဝင်နေတယ် လို့ ဆိုရှယ်မီဒီယာမှာ တင်လာတာ တွေ့ရတယ်။ အဲဒါကြောင့် သက်ဆိုင်ရာဆည်မြောင်းဦးစီးကို ပြောပြထားပါတယ်။ ဆည်မြောင်းဌာနကလည်း ရေဆိုးထုတ်မြောင်း ပြင်ဖို့ ဘတ်ဂျက်မပါပေမယ့် ဆင်ဖြူကန်နားမှာ လုပ်ဆောင်မယ့် လုပ်ငန်းကနေ စက်ယန္တရား အကူအညီပေးပြီး ရွာထဲရေမဝင်အောင် လုပ်ပေးမယ် ဆိုတာပြောပြတယ်" လို့ ပြောပါတယ်။

ကင်းတားဆည်ရဲ့ မြောင်းမကြီးကနေ လက်တံမြောင်း ၃၄ ခုနဲ့ လယ်ယာမြေတွေကို ရေပေးဝေနေပါတယ်။ မြောင်းမကြီးနဲ့ လက်တံမြောင်းတွေ မမီတဲ့ လယ်ယာမြေတွေကိုတော့ ရေလှောင်ကန်စနစ်နဲ့ ရေတင်စနစ် နှစ်မျိုးနဲ့လည်း ရေပေးဝေပါတယ်။

ပတ်လည်အရှည် ၃ မိုင်လောက်ရှိတဲ့ ဆင်ဖြူကန်ကြီးထဲကို လက်တံမြောင်း ၁၇ ခုကနေ ရေထည့်ပေးပြီး စပါးစိုက်ဧက ၆၀၀ ကျော်ကို ရေပေးဝေပါတယ်။  ဆင်ဖြူကန်ကြီး ကောသွားလို့ ၂၀၁၇ခုနှစ်မှာ ပြန်ပြင်ပြီး ရေသိုလှောင်ကာ ၂၀၁၈-၁၉ ခုနှစ်မှာ လယ်ယာမြေတွေကို ရေပေးနေတာ ဖြစ်ပါတယ်။ 

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013