Home
မြန်မာသတင်း
ဘူးသီးတောင်-မောင်တောကားလမ်းတွင် တပ်မတော်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
November 12, 2019
76270472_199607587728309_5181727177602760704_o
75233621_199607787728289_5263062369151483904_o
74441078_199607627728305_4381160198639714304_o
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ ၅ မိုင်ခန့်အကွာ ဘူးသီးတောင်-မောင်တော ကားလမ်းမှာ ဒီနေ့မွန်းလွဲ ၁ နာရီလောက် တပ်မတော်စစ်ကြောင်းတခု မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့  အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦး က အတည်ပြုပြောပါတယ်။ "မောင်တောဘူးတောင်လမ်း မောင်တောမြို့အထွက် ၅ မိုင်မှာ မိုင်းခွဲခံရတာရှိတယ်။ ထိခိုက်မှုတော့ မရှိဘူး။ ရသေ့တောင်ဘက်မှာတော့ မိုင်းကွဲတာ မရှိပါဘူး။ ထိတွေ့ တိုက်ပွဲလည်း မရှိပါဘူး”။ ကားနှစ်စီးနဲ့ ခြေလျှင်သွားနေတဲ့ စစ်ကြောင်းတခု မိုင်းဆွဲခံရတာဖြစ်ပြီး ၄ ဦးလောက် ဒဏ်ရာ အနည်းငယ်ရတာ တွေ့ခဲ့ရတယ်လို့ ခရီးသွားပြည်သူတဦးက ပြောပါတယ်။ "လမ်းကတော့ မပိတ်ပါဘူး။ စစ်ကား  နှစ်စီးနဲ့ စစ်သားတွေတော့ တွေ့ခဲ့ပါတယ်။ ဓာတ်ပုံတော့ မရိုက်ဝံ့ပါဘူး ကြောက်လို့။ ဒဏ်ရာရသူ ၄ ယောက်လောက်တော့ တွေ့ခဲ့တယ်။” မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကတော့ "မိုင်းဆွဲခံရတာတော့ ကြားပါတယ်။ မောင်တောတန်ဆောင်တိုင်ပွဲအထိတော့ မိုင်းခွဲတာတွေ လုပ်မယ်လို့တော့ မထင်ပါဘူး" လို့ ပြောကြားပါတယ်။ ရသေ့တောင်မြို့နယ် ကုန်တန်းနဲ့ သာစည်ကုန်းကြားမှာလည်း ဒီနေ့ နိုဝင်ဘာလ ၁၂ ရက် မနက်အစောပိုင်း ၅ နာရီလောက်က မိုင်းတလုံးပေါက်ကွဲပြီးနောက် အပြန်အလှန်တိုက်ပွဲငယ် နာရီဝက်လောက်ဖြစ်ပွားခဲ့ပြီး သာစည်ကုန်းကျေးရွာကို တပ်မတော်က ဝင်ရောက်စစ်ဆေး နေတယ်လို့ သိရပါတယ်။ ကောင်းကောင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024