Home
မြန်မာသတင်း
တောင်ကြီးမြို့ ရပ်ကွက်ပေါင်းစုံ မီးပဒေသာ ပြိုင်ပွဲကျင်းပ
DVB
·
November 12, 2019
76705220_1003126156694153_404849041864654848_n
75552923_1003126346694134_1417008241795137536_n
75486145_1003126013360834_1834825903050326016_n
75293008_1003126113360824_6056676062350278656_n
75282215_1003126226694146_8267165935689793536_n
74492762_1003126280027474_515546931951304704_n
74288131_1003126053360830_7067094988777062400_n
နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ တောင်ကြီးတန်ဆောင်တိုင် မီးပဒေသာ မီးကြာစံ လှည့်လည်ပူဇော်ပြိုင်ပွဲကို တန်ဆောင်မုန်းလပြည့်ညက တောင်ကြီးမြို့မှာကျင်းပခဲ့ပါတယ်။ ဒီပြိုင်ပွဲကို ဆုပေးစနစ်နဲ့ ရပ်ကွက်အလိုက် တိုင်းရင်းသား အားလုံးဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ “တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပဒေသာဟာ အပျော်မဟုတ်ဘူး။ ဗုဒ္ဓပူဇနိယပွဲ ဖြစ်တယ်။ ဒီနှစ်က မီးပဒေသာပုံစုံတယ်။ လာရောက်အားပေးတဲ့ပရိတ်သတ်လည်း ပိုများပြီး စည်ကားတယ်၊ ပြိုင်ပွဲဖြစ်တဲ့အတွက် ရပ်ကွက်တိုင်း အားအကုန်ထည့်ကြတယ်။ ပြင်းထန်တဲ့ ပြိုင်ပွဲပေါ့”လို့ မီးပဒေသာ ပြိုင်ပွဲ ဒိုင်အဖွဲ့ဝင် ဦးတင်ဆွေကပြောပါတယ်။ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက် ၂၂ ရပ်ကွက်ကို ရပ်ကွက်လေးခုတဖွဲ့ ၊  ငါးခုတဖွဲ့ ဖွဲ့ပြီး ယှဉ်ပြိုင်ကြတာဖြစ်ပြီး မီးပဒေသာပြိုင်ပွဲကို သစ်တောရပ်ကွက် ပထမဆု ရရှိခဲ့ပါတယ်။ ဆုပေးပွဲကို တန်ဆောင်တိုင်ပွဲတော်ပိတ်ပွဲည နိုဝင်ဘာ ၁၂ ရက်ည အဝေရာမီးပုံးပျံကွင်းမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ သတင်း- ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024