DVB Logo
Home
မေးမြန်းခန်း
ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အပြန်အလှန် လေးစားမှုတွေ၊ ယုံကြည်မှုတွေ တည်ဆောက်ရမယ်
DVB
·
January 23, 2013
ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အပြန်အလှန် လေးစားမှုတွေ၊ ယုံကြည်မှုတွေ တည်ဆောက်ရမယ်
Donate to DVB

၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ဖိလစ်ပိုင်နိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတရပ်ကို ဇန်န၀ါရီ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းရှိ ၈၈ မျိုးဆက်ကျောင်းသားများရုံးခန်းမှာ ပြုလုပ်ခဲ့ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေက ဖိလစ်ပိုင်နိုင်ငံ တပ်မတော်နဲ့ MILF လက်နက်ကိုင်အဖွဲ့အစည်းတို့ ငြိမ်းချမ်းရေး ရယူခဲ့တဲ့ ဖြစ်စဉ်တွေကို အဓိကထား ရှင်းလင်းသွားခဲ့ကြပါတယ်။

“အဓိကက ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်တဲ့အခါမှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ရေးနဲ့ စောင့်ကြည့်ရေးအဖွဲ့တွေမှာ ပြည်တွင်းနဲ့ ပြည်ပကရော  ပါဝင်နိုင်ရင် ပိုပြီးထိရောက်မှုတွေ ရှိနိုင်တယ်။ အဲအပြင် တခြားအရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေဟာ ပိုပြီး ပွင့်လင်းမြင်သာမှုရှိနိုင်မယ်။ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်ကောင်းကောင်းနဲ့ ပိုလုပ်နိုင်တဲ့အတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေဟာ အတိုင်းအတာတခုအထိ အောင်မြင်မှုရကြတယ်ဆိုတာ အဓိက ပြောဖြစ်ကြတယ်။”

အတိုင်းအတာတခုအထိ အောင်မြင်ခဲ့တယ်ဆိုပေမယ့် ကချင်မှာ ချကြတုန်းဆိုတော့ အဲအတွက်ရော ဘာပြောဖြစ်ကြသေးလဲ။

“ဒီနေ့ သတင်းစာရှင်းလင်းပွဲက ဖိလစ်ပိုင်နိုင်ငံမှာ ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ ပဋိပက္ခဖြေရှင်းရေးဖော်ဆောင်မှုနည်းလမ်းတွေနဲ့ ပတ်သက်ပြီး လေ့လာလာတဲ့ အတွေ့အကြုံတွေ၊ သူတို့ဘက်က မျှဝေလိုက်တဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး သတင်းစာရှင်းလင်းပွဲလုပ်တာ။ အဲကနေ ရရှိလာတဲ့ အလေ့အကျင့်ကောင်းတွေကို ကျနော်တို့နိုင်ငံမှာ ရနိုင်သလောက် လုပ်လို့သင့်တဲ့ အချက်အလက်တွေကို ရယူမျှဝေပြီး ရနိုင်သလောက် လုပ်လို့သင့်တဲ့ အချက်အလက်တွေကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် ထိရောက်မှုတွေ ရှိနိုင်တယ်ဆိုတာကို ပြောဖြစ်တာပါ။”

ဖိလစ်ပိုင်ကရလာတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေကို အတွေ့အကြုံယူပြီး အခု ပိုဆိုးလာသလိုရှိတဲ့ ကချင်တိုက်ပွဲထဲကိုရော ဘယ်လိုပုံစုံမျိုးတွေနဲ့ အသုံးချမလဲ။

“ငြိမ်းချမ်းရေးတည်ဆောက်ကြမယ်ဆိုရင် အသီးသီးက အပြန်အလှန် လေးစားမှုတွေ၊ ယုံကြည်မှုတွေ တည်ဆောက်ရမယ်။ အဲအပြင်ကို ဖြစ်ပျက်နေတဲ့ အချက်အလက်တွေနဲ့ သတင်းအမှန်တွေကို အဖွဲ့အစည်းအသီးသီးနဲ့ ပြည်သူလူထု သိရှိနိုင်အောင် မျှဝေဖို့လည်း လိုအပ်တယ်။ အဲကမှ နည်းလမ်းတွေကို ဘယ်လိုပူးပေါင်းရှာဖွေကြမလဲဆိုတာတွေကို ထပ်စဉ်းစားမယ်။ နောက်တခုက တပ်မတော်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့လည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စမှာ ထဲထဲဝင်ဝင် ဆောင်ရွက်ပြီးတော့ ပွင့်လင်းမြင်သာမှုတွေ ပေးနိုင်မယ်။ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ရရှိဖို့ အခွင့်အလမ်းကောင်းတွေ ဖန်တီးနိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးဖော်ဆောင်မှု အခြေအနေကောင်းတွေ ရရှိလာပါမယ်။”

ဒီနေ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး တခြား ဘာပြောချင်ပါသေးလဲ။

“ကျနော်တို့နိုင်ငံမှာဖြစ်ပျက်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုင်ရာ ဆောင်ရွက်ရမယ့်ကိစ္စတွေဟာ အာဆီယံဒေသမှာရှိတဲ့ ဖိလစ်ပိုင်လို နိုင်ငံမျိုးမှာလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတာတွေရှိတယ်။ တူတာတွေလည်း ရှိတယ်။ မတူတာတွေလည်း ရှိတယ်။ သို့သော်လည်း အတွေ့အကြုံကောင်းတွေနဲ့ အလေ့အကျင့်ကောင်းတွေကို တတ်နိုင်သလောက် ထည့်သွင်းစဉ်းစားနိုင်မယ်ဆိုရင် နည်းလမ်းကောင်းတွေရှာတွေ့ဖို့ လမ်းစကောင်းတွေ ရနိုင်သလို အားလုံးရဲ့ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်စဉ်းစားမယ်ဆိုရင် ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် ရရှိလာမယ့် ရလဒ်တွေဟာ အရှည်တည်တံ့ခိုင်မြဲနိုင်မယ်လို့ သုံးသပ်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013