DVB Logo
Home
Lead Story
ခန့်စည်သူ၊ ရွှေမှုံရတီတို့ပါဝင်သည့် ကျော်ကြားနှင့် အမွှေစိန်ဝိညာဉ်ရုပ်ရှင်(နမူနာ)
DVB
·
November 12, 2019
ခန့်စည်သူ၊ ရွှေမှုံရတီတို့ပါဝင်သည့် ကျော်ကြားနှင့် အမွှေစိန်ဝိညာဉ်ရုပ်ရှင်(နမူနာ)
Donate to DVB

ပေါ့ပေါ့ပါးပါး မြန်မာဟာသရုပ်ရှင်ကားတကားဖြစ်တဲ့ ကျော်ကြားနှင့် အမွှေစိန်ဝိညာဉ်ကို လာမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ Phoenix ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး အဆွေတော်ရဲ့ ဇာတ်လမ်းကို ချင်းတွင်းတာရာက ဇာတ်ညွှန်းခွဲပေးထားတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ သိန်းဟန်(ဖီးနစ်)က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ကျော်ကြားဆိုတာကတော့ ဓာတ်ပုံဆရာတယောက်ဖြစ်ပြီး တရက်မှာတော့ သူက ရှေးဟောင်းဓားတလက်ကို ရလိုက်ရာကနေ အဲဒီဓားကို စောင့်ရှောက်တဲ့ ဝိညာဉ်ကြောင့် တရွာလုံး ကြောက်လန့်ကြပြီး ကမောက်မကဖြစ်ရတာတွေကို ဟာသဇာတ်လမ်းဇာတ် ကွက်တွေနဲ့ ဘယ်လိုပုံဖော်ရိုက်ကူးထားမလဲဆိုတာကိုတော့ ဒီကားထဲမှာ စောင့်မျှော် ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ခန့်စည်သူ၊ ရွှေမှုံရတီတို့နဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ခင်လှိုင်၊ နေဒွေး။ ခြူးလေးစတဲ့ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာပါ။

ဒီရုပ်ရှင်ကား Trailer ဟာ လတ်တလောမှာတော့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းခွဲနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013