DVB Logo
Home
မြန်မာသတင်း
ထာဝရငြိမ်းချမ်းရေးစေတီ ဌာပနာတော်သွင်း၊ ရွှေထီးတော်တင် (ဓာတ်ပုံ) 
DVB
·
November 11, 2019
ထာဝရငြိမ်းချမ်းရေးစေတီ ဌာပနာတော်သွင်း၊ ရွှေထီးတော်တင် (ဓာတ်ပုံ) 
1 / 35
Donate to DVB

ထာဝရငြိမ်းချမ်းရေးစေတီတော် အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်၊ မြသပိတ် ရွှေကြာသင်္ကန်းတော်ကပ်ပွဲနဲ့ ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာ မင်္ဂလာအခမ်းအနားကို  ဒီကနေ့ မနက်ကကျင်းပရာမှာ နိုင်ငံတော် သံဃမဟာနယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုတဲ့ ဆရာတော်သံဃာတော်တွေ ကြွရောက်ပါတယ်။ 

အခမ်းအနားကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းနားက အဲဒီစေတီတော်မှာ ကျင်းပတာဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အစိုးရအဖွဲ့ အကြီးအကဲတွေ တက်ရောက်ကြပါတယ်။

စေတီတော်ကြီးတည်ထားဖို့အတွက် ကျပ် သိန်း ၃၀၀၀၀ ကနေ ကျပ်သိန်း ၅၀၀၀၀ အထိကုန်ကျတာဖြစ်ပြီး ရတနာအုတ်မြစ်တော်စီအခမ်းအနားကိုတော့ မေလ ၂၄ ရက်က ပြုလုပ်ခဲ့ပါတယ်။ 

ဓာတ်ပုံ- သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013