DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်တွင် ဖခင်အား ရိုက်နှက်နေသည့်သားကို မိခင်ကိုယ်တိုင်သတ်မှု ဖြစ်ပွား
DVB
·
November 11, 2019
ဝမ်းတွင်းမြို့နယ်တွင် ဖခင်အား ရိုက်နှက်နေသည့်သားကို မိခင်ကိုယ်တိုင်သတ်မှု ဖြစ်ပွား
1 / 5
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ကန်ကြီးရွာမှာ နိုဝင်ဘာ ၉ ရက်က ဖခင်ကို ရိုက်နှက်နေတဲ့ သားဖြစ်သူကို မိခင်ကိုယ်တိုင်သတ်မှုဖြစ်ပွားခဲ့တယ်လို့ ရွှေတောင်ရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ သိန်းနိုင်(ခ)ဖိုးမဲ(၂၈နှစ်)ဟာ လက်နက်မှုနဲ့ ပြစ်ဒဏ်ကျခံပြီး နိုဝင်ဘာ ၄ ရက်က အပြစ်က လွတ်လာခဲ့ပါတယ်။  နိုဝင်ဘာလ ၈ ရက်နေ့မှာ အရက်မူးနေတဲ့ သားဖြစ်သူကို မနက်ခင်း ထမင်းစားဖို့ ဖခင်ဖြစ်သူက ထမင်းခူးကျွေးစဉ် သိန်းနိုင်ကစိတ်ဆိုးပြီး ဖခင်ကို အရှည်တလံလောက်ရှိ ဝါးရင်းတုတ်နဲ့ ရိုက်နှက်ခဲ့ပါတယ်။

သိန်းနိုင်(ခ)ဖိုးမဲဟာ အရက်မူးတိုင်း လည်ပင်းကို ကြိုးကွင်းစွပ်ပြီး သေကြောင်းကြံလေ့ရှိပြီး အခင်းဖြစ်တဲ့နေ့ကလည်း  လည်ပင်းမှာ အရှည် ၄ ပေကျော်ရှိ နိုင်လွန်ကြိုးကို ကွင်းစွပ်ထားပါတယ်။

မိခင်ဖြစ်သူ ဒေါ်သန်းရီ(၆၀နှစ်)က ဖခင်အား ရိုက်နှက်နေတဲ့ သိန်းနိုင်ရဲ့ လည်ပင်းက နိုင်လွန်ကြိုးကိုဆွဲပြီး ပုလင်းကွဲနဲ့ မေးစေ့အောက်ထိုးလိုက်တာကြောင့် သိန်းနိုင် သေဆုံးသွားခဲ့ပါတယ်။

ရွှေတောင်ရဲစခန်း တာဝန်ကျရဲအရာရှိက "သိန်းနိုင်(ခ)ဖိုးမဲ သေဆုံးတာ လူသတ်မှုဖြစ်တယ် ယူဆတာကြောင့် အချိန်ယူ သေချာစုံစမ်းစစ်ဆေးတော့ မိခင်က သတ်လိုက်တယ်ဆိုတာ သိရပါတယ်။ မိခင်ကို ဖမ်းဆီး အမှုဖွင့်ထားပါတယ်"လို့ ပြောပါတယ်။

ဒေသခံဦးစိုးက "နေ့ရော ညရော အရက်သောက်လေ့ရှိတယ် အရက်မူးလာရင် အမေအဖေကို ရိုက်တယ်။ ရွာကလူတွေကို ရန်လုပ်တယ်။ ထောင်က လွတ်လာတာ ၄ ရက်ပဲရှိသေးတယ်။ သေဆုံးသွားတာပါပဲ" လို့ ပြောပါတယ်။

ရွှေတောင်နယ်မြေရဲစန်းမှာ ဒေါ်သန်းရီကို လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ ဖမ်းဆီး အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013