DVB Logo
Home
မြန်မာသတင်း
မရမ်းခြံဆိပ်ကမ်းအဆင့်မြှင့်တင်ရေးအတွက် လက်ရှိလုပ်ငန်းရှင်များ ရွှေ့ပြောင်းပေးရမည်
DVB
·
November 10, 2019
Donate to DVB

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ဧရာဝတီမြစ်ဘေးက မရမ်းခြံ ဆိပ်ကမ်း အဆင့်မြှင့်တင်ရေး လုပ်မှာဖြစ်လို့ ဧရာဝတီမြစ်ဘေး လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်အားလုံး ဖယ်ရှားပေးရမယ်လို့ သိရပါတယ်။

မရမ်းခြံဆိပ်ကမ်းကနေ လုပ်ငန်းရှင်တွေ ရွှေ့ပြောင်းပေးဖို့ နိုတစ်စာ သုံးကြိမ်ပေးပို့သွားမယ်လို့ ဆိပ်ကမ်းနေရာချထားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌက ပြောပါတယ်။

“မရမ်းခြံဆိပ်ကမ်းနေရာမှာ လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ လုပ်ငန်းရှင်များဆီကို အောက်တိုဘာ ၁၀ ရက်နေ့ကစပြီး နို့တစ်စာထုတ်ပေးခဲ့တယ်။ အချို့လုပ်ငန်းရှင်တွေဆီကိုတော့ ၂ ကြိမ်ထိ အသိပေးထားပြီးဖြစ်တယ်။ အခုလာမဲ့ ဒီဇင်ဘာလအတွင်း သုံးကြိမ်ပြည့်အောင် နို့တစ်စာထုတ်ပေးသွားမှာပါ။ အခုလို အသိပေးထုတ်ပြန်ပြီးနောက်ပိုင်းမှာ လိုက်နာမှုမရှိခဲ့ရင် ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်” လို့ ဆိပ်ကမ်းနေရာချထားရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ တိုင်းလွတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်က ပြောပါတယ်။

ချမ်းအေးသာစံမြို့နယ် မရမ်းခြံဆိပ်ကမ်းဟာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်သလို မင်းကွန်းကို ပို့ဆောင်ပေးနေတဲ့ စက်လှေတွေ၊ သမ္မာန်တွေနဲ့ ရေယာဉ်တွေ ဆိုက်ကပ်ရာ ဆိပ်ကမ်းဖြစ်လို့ အဆင့်မြှင့်တင်တဲ့စီမံကိန်း ဖော်ဆောင်တာလို့ ဆိုပါတယ်။

လက်ရှိ ဆိပ်ကမ်းနေမှာ လုပ်ကိုင်နေကြတဲ့ သဲလုပ်ငန်းရှင် ၄ ဦး၊ ဝါးလုပ် ငန်းရှင် ၁၁ ဦး၊ ကုန်တင်ကုန်ချ ၃ ဦးနဲ့ နုန်းလုပ်ငန်းရှင် ၄ ဦးတို့ကို ဧရာဝတီမြစ်ဘေးရှိ အခြားဆိပ်ကမ်းနေရာတွေကို ပြောင်းရွှေ့ပြီး လုပ်ငန်းဆက်လုပ်နိုင်ဖို့ နေရာပြန်လည်ပေးထားတယ်လို့ သိရပါတယ်။

နုန်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ဦးမောင်မြင့်က “ကျနော်ဆီကိုတော့ နို့တစ်စာလုံးဝ မလာသေးဘူးဗျ။ ရွှေ့ပြောင်းရမယ်လို့တော့ ပြောတယ်၊ ဒီနေရာကလွဲရင် တခြားနေရာမှာ ဆိုအဆင်မပြေဘူးလေ။ လေနဲ့မိုးနဲ့ ရေစီးကြောင်းအရဆိုရင် ဒီနေရာပဲ အဆင်ပြေတာ။ ရွှေ့ပေးရမယ့် နေရာက လုပ်မရဘူး၊ မဖြစ်မနေ ဖယ်ဆိုတော့လည်း ဘယ်တတ်နိုင်မလဲ ဖယ်ပေးလိုက်ရုံပဲ။ မှီခိုနေတဲ့ အလုပ်သမား ငါးရာနီးပါးအတွက်ကတော့ အလုပ်လက်မဲ့ဖြစ်သွားမှာ သူ့တို့အတွက် ထည့်ပြီးစဉ်းစားပေးစေချင်တယ်” လို့ ပြောပါတယ်။

လက်ရှိမ ရမ်းခြံဆိပ်ကမ်းမှာ နုန်းထုတ်တဲ့ လုပ်ငန်းကို လုငန်းရှင် ၄ ဦးပေါင်း လုပ်ကိုင်ကြပြီး မြစ်လယ်ကနေ နုန်းတွေကို အလုပ်သမားတွေက လှေနဲ့ကမ်းပါးကိုသယ်ယူပြီး စိုက်ပျိုးရေးသမားတွေထံ ရောင်းချရတာဖြစ်ပါတယ်။

နုန်းလုပ်ငန်း လုပ်ကိုင်ရောင်းချနိုင်ဖို့ ရေအရင်းအမြစ်နဲ့ သက်ဆိုင်ရာ ဌာနအသီးသီးကို အခွန်အခတွေကို တရားဝင်ပေးဆောင်ပြီး လုပ်ကိုင်ကြတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013