DVB Logo
Home
မြန်မာသတင်း
အင်းလေးဒေသ ဟိုတယ်စီမံကိန်းမြေသိမ်းမှု ဒေသခံများ ကန့်ကွက်
DVB
·
January 22, 2013
အင်းလေးဒေသ ဟိုတယ်စီမံကိန်းမြေသိမ်းမှု ဒေသခံများ ကန့်ကွက်
Donate to DVB

ရှမ်းပြည်တောင်ပိုင်း အင်းလေးဒေသမှာ ဟိုတယ်ဇုန်စီမံကိန်း တည်ဆောက်ဖို့ ဒေသခံတွေပိုင်တဲ့မြေတွေ အသိမ်းခံနေရတဲ့အတွက် အင်းလေးဒေသခံ သံဃာတချို့နဲ့ ရွာသားကိုယ်စားလှယ်တွေ ရန်ကုန်မြို့မှာ မနေ့က သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေက ဟိုတယ်ဆောက်လုပ်ဖို့အတွက် ဒေသခံပိုင်မြေနဲ့ သီးနှံပင်၊ ဘုန်းကြီးကျောင်းပိုင် ထင်းစိုက်ခင်းတွေပါ ထိပါးလာတဲ့အတွက် ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရတာလို့ အင်းလေးဒေသ သံဃာတပါးဖြစ်တဲ့ အရှင်သုနန္ဒက မိန့်ပါတယ်။

[caption id="attachment_35592" align="alignleft" width="150" caption="ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ Home တွင် ဇန်န၀ါရီလ ၂၁ရက်နေ့က မြေယာသိမ်းခံရမှု အကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့စဉ်"][/caption]

“အေးချမ်းတည်ငြိမ်စွာ လုပ်ကိုင်စားသောက်နေကြတဲ့ လယ်ယာမြေများ သိမ်းခံရခြင်းနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိအောင် သတင်းစာရှင်းလင်းပွဲလုပ်ရခြင်းဖြစ်ပါတယ်။ သာသနာ့ပိုင်မြေပေါ်မှာ မပြောမဆို အသိမပေးဘဲ၊ အကြောင်းမကြား၊ မလျှောက်ထားဘဲ သာသနာ့ပိုင်မြေတွေကို အနိုင်ကျင့်မတရားသိမ်းပိုက်ခြင်းဟာ ဦးဇင်းတို့ နှလုံးသားထဲ ၀မ်းနည်းကြေကွဲရပါတယ်။”

ဟိုတယ်စီမံကိန်းကို အစိုးရနဲ့အကျိုးတူ စီးပွားရေးလုပ်ငန်းရှင်တွေက အင်းလေးကန်အရှေ့ဘက်တကြောက မြေဧရိယာ အကျယ်အ၀န်း ၆၂၂ ဧက ပေါ်မှာတည်ဆောက်ဖို့ စီစဉ်နေကျတာပါ။

ဟိုတယ်ဆောက်မယ့် သလဲဦးကျေးရွာအုပ်စု အင်ကြင်းကုန်း၊ ကန်ပဲ့၊ ချောင်းပါး၊ ၀က်သားကင် စတဲ့ ကျေးရွာတွေက ဒေသခံ ၈၀ ကျော် ပိုင်ဆိုင်တဲ့ လယ်ယာဥယျာဉ်ခြံမြေတွေရော၊ ရွာမ၊ ရွှေဘုံသာ၊ ငါးဖယ်ချောင်းစတဲ့ ဘုန်းကြီးကျောင်းပိုင် ထင်းစိုက်ခင်းတွေ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ နေ့စားအလုပ်သမားတွေကလည်း မြေသိမ်းမှုတွေကြောင့် အလုပ်အကိုင်ထိခိုက် နစ်နာနေရတယ်လို့ အင်းလေး ဒေသခံ ကိုခင်မောင်ဝင်းက ပြောပါတယ်။

“ကျနော်တို့ အလုပ်သမားဆင်းရဲသားတွေဟာ ဒီတောတောင်တွေကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်းပြုခဲ့ရသူပါ။ ဒီအင်းခြံကိုသိမ်းယူပြီး ဟိုတယ်ကြီးတခု ဆောက်ခဲ့မယ်ဆိုရင် ဒေသခံတွေသာမက ဒီအင်းလေးကန်ကြီးပါ တိမ်ကော နစ်နာမှာပါ။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က ကမ္ဘာလှည့်ခရီးသည်တွေ အများအပြားလာရောက်တဲ့ အင်းလေးဒေသမှာ ခရီးသည်တွေအတွက် ခေတ်မီဟိုတယ်တွေ လိုအပ်ပေမယ့်လည်း ဟိုတယ်စီမံကိန်းမှာတော့ ဒေသခံတွေအတွက် ထိခိုက်နစ်နာမှုမရှိအောင်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိအောင်၊ သဘာ၀၀န်းကျင်ပျက်စီးမှုမရှိအောင် ဆောင်ရွက်သင့်ကြောင်း ညှိနှိုင်းပြောဆိုပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက  ဟိုတယ် စီမံကိန်းစတင်ဖို့ ရွာသားတွေကို ကြိုတင်အသိမပေးဘဲ ကုမ္ပဏီ တခုက မြေထိုးတာ၊ ခုတ်ထွင်ရှင်းလင်းတာတွေလုပ်ခဲ့တယ်။ ဒါကို မကျေနပ်တဲ့အတွက် ရွာသားပေါင်း ၁၃၈ ဦး လက်မှတ်ရေးထိုးပြီး အင်းတိုင်းရင်းသားရေးရာဝန်ကြီးရဲ့ ထောက်ခံချက်နဲ့ ပြည်နယ်အစိုးရဆီ ဒီဇင်ဘာလထဲမှာ စာပေးပို့ခဲ့ဖူးပါတယ်။

အင်းဝန်ကြီးနဲ့ ပြည်နယ်အစိုးရတို့ ညှိနှိုင်းပေးချက်အရ ဟိုတယ်စီမံကိန်းကနေပြီး မြေပိုင်ရှင် ရွာသား ၈၃ ဦးအတွက် ပျက်စီးသီးနှံပင်လျော်ကြေးငွေ ကျပ်သိန်းပေါင်း ၅ ထောင်ကျော်ကို ဒီလ ၁၀ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ပေးလျော်ခဲ့ရာမှာ ရွာသား အများစုလည်း လျော်ကြေးတွေ ထုတ်ယူသွားပြီလို့ အင်းတိုင်းရင်းသားရေးရာ ဦးဝင်းမြင့်က ပြောပါတယ်။

ဒီမြေတွေ အပိုင်ယူတာမဟုတ်ဘဲ အနှစ် ၃၀ စာ ငှားရမ်းခဲ့တာဖြစ်ပြီး  ဘုန်းကြီးကျောင်း ထင်းစိုက်ခင်းအတွက် စီမံကိန်းမြေကလွဲပြီး  ကြိုက်တဲ့မြေမှာ ထင်းအစားထိုး ပြန်စိုက်ခွင့်ပြုမယ်။ လယ်ယာဆုံးရှုံးသူအတွက် တဦးကို မြေ ၂ ဧကစီ နေရာသစ်မှာ  ပြန်ဖော်ပေးမယ်လို့လည်း စီမံကိန်းဆိုင်ရာ တာဝန်ရှိသူတွေက ကတိပေးထားတယ်လို့လည်းဆိုပါတယ်။

ဒါပေမယ့်လည်း ဒီကိစ္စကို တချို့ရွာသားတွေက လိုက်လျောပြီး တချို့က သဘောမတူကြပါဘူး။ အစိုးရကို ကြောက်လို့ လျော်ကြေးလက်ခံလိုက်ရတာတွေရှိတယ်။ အဓိကကတော့ သူတို့ကို ကြိုတင်အသိမပေးတာ၊ တိုင်ပင် ဆွေးနွေးမှုမရှိတာ၊ စီမံကိန်း ကောင်းကျိုးဆိုးပြစ်တွေ  ပွင့်လင်းမြင်သာမှုမရှိတာတွေကြောင့်  ကန့်ကွက်ကြတာဖြစ်တယ်လို့ အခြားဒေသခံတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013