DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူများ တားမြစ်ခံရ
DVB
·
January 22, 2013
ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူများ တားမြစ်ခံရ
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ သက်ဆိုးရှည်နေတဲ့ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ရည်ရွယ်ပြီး ရန်ကုန်မြို့ကနေ ကချင်ပြည်နယ်လိုင်ဇာအထိ  မိုင် ၈၀၀ ကျော် ခရီးရှည် လမ်းလျှောက်တဲ့သူတွေကို ပဲခူးတိုင်းအ၀င်မှာ ဒေသခံ အာဏာပိုင်တွေက တားမြစ်ခဲ့ပါတယ်။

ပဲခူးတိုင်းအ၀င်မှာ ငြိမ်းချမ်းရေးအလံကို လွှင့်ထူလမ်းလျှောက်တာဟာ ဥပဒေနဲ့ မညီဘူးဆိုပြီး ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ ရဲမှူးတွေက တားမြစ်ခဲ့တာ လို့ ဦးဆောင်ပါဝင်သူ လူငယ်တဦးဖြစ်တဲ့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

[caption id="attachment_35581" align="alignleft" width="300" caption="ဇန်န၀ါရီ ၂၁ ရက်နေ့က မြို့တော်ခန်းမရှေ့က စတင်လမ်းလျှောက်ထွက်ခဲ့ကြစဉ်"][/caption]

မနက် ၁၀ နာရီ မိနစ် ၄၀ လောက်မှာ အာဏာပိုင်တွေက လမ်းလျှောက်တဲ့ထဲက ဦးဆောင်သူတချို့ကို ခေါ်ယူပြီး ငြိမ်းချမ်းရေး အလံလွှင့်ထူပြီး လမ်းလျှောက်ခြင်းမပြုဖို့ ဆွေးနွေးခဲ့ရာမှာ ၁၁ နာရီလောက်မှာ ပြေလည်မှု ရရှိခဲ့တယ်လို့ ဆိုပါတယ်။

လမ်းလျှောက်တဲ့သူတွေက အလံကို လွှင့်ထူခြင်းမပြုတော့ဘဲ လည်ပင်းတွေမှာ ငြိမ်းချမ်းရေးအလံတွေ  စည်းနှောင်ပြီး ဆက်လက်လမ်းလျှောက်ခဲ့တယ်လို့ ပြောပါတယ်။

ခေါ်ယူတားမြစ်ခံရတာနဲ့ ပတ်သက်ပြီး ကိုရန်နိုင်ထွန်းက “ဂျပန် ဒုဝန်ကြီးချုပ်လာတုန်းက စစ်သင်္ချိုင်းကိုလာ အလေးပြုတုန်းက တရုတ်နိုင်ငံသားတွေအနေနဲ့ မြန်မာပြည်မှာ ဂျပန်ဒု-၀န်ကြီးချုပ်ကို ဆန္ဒပြသွားတယ်။ အဲတုန်းက တရုတ်နိုင်ငံသားတွေဟာ ကျနော်တို့နိုင်ငံက ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို လိုက်နာခြင်းမရှိဘူး။ ကျနော်တို့နိုင်ငံက ရဲတွေကလည်း အရေးယူတာတွေမရှိဘူး။ နောက် နော်ဝေက ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့ လူ့အခွင့်အရေးအတွက် စက်ဘီးစီးလမ်းလျှောက်တုန်းကလည်း သူတို့မှာ လိုဂိုတွေပါတာပဲ။ ခွင့်ပြုချက်တွေဘာတွေလည်း မရှိဘူးလေ။ ကျနော်တို့ကိစ္စအပေါ်မှာ ဒီလောက်ထိ တားတာ ကောင်းတဲ့အလုပ်လို့တော့ မမြင်ဘူး။ ညှိနှိုင်းခေါ်ယူဆွေးနွေးပြီး အလံချခိုင်းတာ ကောင်းတဲ့ကိစ္စလို့ မမြင်ဘူး။”

ဒီဗွီဘီက မြန်မာစံတော်ချိန် နံနက် ၁၁ နာရီ ဆက်သွယ်မေးမြန်းတဲ့အချိန်မှာ လမ်းလျှောက်တဲ့သူတွေဟာ ပဲခူးတိုင်း ဒေသကြီးမှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ကို ကျော်ပြီး ပဲခူးတိုင်းထဲကို ၀င်ရောက်လာပြီလို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးလိုလားတဲ့ သံဃာတော်နဲ့ လူငယ်အယောက်  ၅၀ လောက်ဟာ တနင်္လာနေ့က ရန်ကုန်ကနေ ထွက်ခွာလာတာဖြစ်ပြီး  စစ်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် လိုင်ဇာဒေသအထိ လမ်းလျှောက်ဖို့ ရည်ရွယ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013