DVB Logo
Home
မြန်မာသတင်း
တရုတ်သံအမတ်ကြီးနှင့်တရုတ်အသင်းအဖွဲ့များ သံဃမဟာနာယကအဖွဲ့ကို ကျပ်သိန်း ၁၀၀ ကျော်လှူ
DVB
·
November 9, 2019
တရုတ်သံအမတ်ကြီးနှင့်တရုတ်အသင်းအဖွဲ့များ သံဃမဟာနာယကအဖွဲ့ကို ကျပ်သိန်း ၁၀၀ ကျော်လှူ
1 / 3
Donate to DVB

တရုတ်သံအမတ်ကြီးနဲ့ တရုတ်အသင်းအဖွဲ့တွေက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်တွေကို ကထိန်သင်္ကန်းနဲ့ အလှူငွေကျပ်သိန်း ၁၀၀ ကျော် လှူဒါန်းခဲ့ပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသနဲ့ သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီး ၁၇ ပါးတို့ကို အမှူးပြုပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဒီနေ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေရွာ၊ အတုလမဂ္ဂမ ဉ္စူတောရရိပ်သာကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။



မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai နဲ့ သံရုံးမိသားစု၊ မြန်မာ တရုတ်ပရဟိတအသင်းနဲ့ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းတို့က စုပေါင်းကထိန် သင်္ကန်းနဲ့ လှူဒါန်းမှုတန်ဖိုး ကျပ် ၁၁,၂၀၀,၀၀ဝ သိန်းရှိတယ်လို့ သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားတာပါ။

သံအမတ်ကြီး ချန်းဟိုင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကလည်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကို တွေ့ဆုံခဲ့သလို ဗုဒ္ဓဘာသာကို အကြောင်းပြုပြီး နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို တိုးမြှင့်သွားချင်တယ်လို့ လျှောက်ထားခဲ့ပါသေးတယ်။



ဓာတ်ပုံ - နိုင်ငံတော်သံဃမဟာနာယကအဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013