မြင်းမူမြို့နယ်တွင် မြေငလျင်လှုပ်
DVB
·
November 9, 2019
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၁၁ နာရီ၊ ၂၄ မိနစ်၊ ၀၉ စက္ကန့် အချိန်က မြင်းမူမြို့နယ်ရဲ့ အရှေ့မြောက်ဘက် ၁၃ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၀၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၇၇ ဒီဂရီ၊ အနက် ၇ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃.၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။











