DVB Logo
Home
မြန်မာသတင်း
ဝက်လက်မြို့နယ်တွင် လုပ်သားရှားပါးမှုကြောင့် မိုးနှမ်းရိတ်သိမ်းရန် အခက်ကြုံ
DVB
·
November 9, 2019
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ လုပ်သားရှားပါးမှုကြောင့် မိုးနှမ်းရိတ်သိမ်းရာမှာ အခက်အခဲ ကြုံနေရတယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ် မင်းကုန်း၊ ဆင်နင်း၊ သရိုင်၊ ရွာသစ်၊ ပိတောက်ခြုံ၊ အင်းဘဲကြီး အစရှိတဲ့ ကျေးရွာတွေမှာ မိုးနှမ်းတွေ ရိတ်သိမ်းနေကြတာဖြစ်ပြီး ဒေသခံလုပ်သားရှားပါးလာတဲ့အတွက် အခြားကျေးရွာက လယ်လုပ်သားတွေကို အခကြေးငွေပိုပေးပြီး ခေါ်နေရတယ်လို့ မင်ကုန်းကျေးရွာနေ ဦးမျိုးမင်းလတ်က ပြောပါတယ်။

“ရွာခံအလုပ်သမားက မရှိဘူးဗျ၊ အ‌စောက တရက်ကို ၅၀၀၀ နဲ့ ခေါ်လို့ရသေးတယ်၊ အခု ၃ ရက်ရှိပြီ၊ ၇၀၀၀ နှုန်းပေးပြီး မနက်စာလည်း ထမင်းကျွေးရတယ်၊ ဒါတောင် ကိုယ်လိုချင်သလောက်လူမရဘူး။”

ဒေသခံလူငယ်တွေဟာ ကိုယ့်ဒေသရဲ့ယာလုပ်ငန်းတွေကို စိတ်မဝင်စားကြတော့ဘဲ ရန်ကုန်၊ မန္တလးလိုမြို့ကြီးတွေနဲ့ အခြားနိုင်ငံတွေကိုသွားပြီ အလုပ်လုပ်ကြတာကြောင့် လုပ်သားရှားရတာ လို့ ဦးမျိုးမင်းလတ်က ပြောပါတယ်။

“အခုကလေးတွေက ရွာမှာလုပ်ရင် တရက် ၄၀၀၀ ဆို၊ တလ ၁၂၀၀၀၀ ရမှာ၊ ဒါတောင် လစဉ်တိုင်း အလုပ်မရှိဘူး၊ အဲဒီကြတော့ ရွာမှာ နွမ်းနွမ်းဖတ်ဖတ်နဲ့မလုပ်ချင်ကြတော့ဘူး၊ မြို့မှာလုပ်ရတာ ဒီလောက်မဆင်းရဲဘူးဆိုပြီး များသောအားဖြင့် မြို့ကြီးတွေပေါ်နဲ့ အခြားနိုင်ငံတွေကို သွားပြီးအလုပ်လုပ်ကြလို့ လုပ်သားရှားပြီး လုပ်ငန်းတွေ ပုံမှန် မလည်ပတ်ဘဲ မနိုင်မနင်းဖြစ်တာ။”

မင်းကုန်းကျေးရွာလူငယ်အတော်များများဟာ ကိုရီးယား၊ ဂျပန်၊ ထိုင်းနဲ့ မလေးရှာတို့မှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတာလို့ သိရပါတယ်။

ဝက်လက်မြို့မှာ ယာမြေဧက ၁ သိန်းကျော်ရှိပြီး အခုနှစ်မိုးနှမ်းဧက ၆၀၀၀၀ ကျော် စိုက်ပျိုးထားတယ်လို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးလှမိုးကျော်က ပြောပါတယ်။

၂၀၁၈ လုပ်သားအင်အားစစ်တမ်းတွေအရ ကမ္ဘာပေါ်မှာ လုပ်သားအင်အား ၂၂၆၈ သန်းရှိပြီ လယ်ယာလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ လုပ်သားအင်အားက ၆၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဆိုထားပါတယ်။

အောင်စံလင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013