ရွှေပြည်သာအထည်ချုပ်စက်ရုံလုပ်သားများ လူမှုဖူလုံရေးအပြည့်အဝရရှိရေး ဆန္ဒပြ
DVB
·
November 8, 2019
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်(၂)ရှိ World Jin အထည်ချုပ်စက်ရုံ အလုပ်သမားတွေက လူမှုဖူလုံရေးနဲ့ ပတ်သက်ပြီး ဥပဒေပါအခွင့်အရေးရရှိဖို့ စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
လူမှုဖူလုံရေး ထည့်ဝင်ကြေးငွေတွေပေးထားပေမယ့် ဆေးကုသခံယူခွင့်နဲ့ အကျိုးခံစားခွင့်တွေ မရရှိလို့ အလုပ်သမားတွေက အချက်(၁၃)ချက်ကို ကြွေးကြော်ကာ တောင်းဆိုနေကြတာပါ။
လစဉ် လူမှုဖူလုံရေးအတွက် ၅ ရာခိုင်နှုန်းကို အလုပ်သမားက ၃ရာခိုင်နှုန်းနဲ့ အလုပ်ရှင်က ၂ရာခိုင်နှုန်းပေးဆောင်မှာဖြစ်ပေမယ့် အလုပ်ရှင်ဘက်က လူမှုဖူလုံကြေးကို အလုပ်သမားတွေထံက လစဉ်ဖြတ်တောက်ခဲ့တယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။
Photo- Mar Naw / MPA