DVB Logo
Home
မြန်မာသတင်း
အယုဒ္ဓယလျှပ်စစ်စက်ရုံက မြန်မာလုပ်သား ၂၀၀ ကျော် အလုပ်ထုတ်ခံရ
DVB
·
November 8, 2019
အယုဒ္ဓယလျှပ်စစ်စက်ရုံက မြန်မာလုပ်သား ၂၀၀ ကျော် အလုပ်ထုတ်ခံရ
1 / 2
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊အယုဒ္ဓယမြို့ရှိ အယုဒ္ဓယအီလက်ထရောနစ် လျှပ်စစ်ပစ္စည်းစက်ရုံက မြန်မာအလုပ်သမား ၂၀၀ ကျော် အလုပ်ထုတ်ခံခဲ့ရတယ်လို့ မြန်မာအလုပ်သမားသံအရာရှိက ပြောပါတယ်။

အယုဒ္ဓယမြို့ အူထိုင်းရပ်ကွက်ရှိ Techman electronics Thailand ကုမ္ပဏီပိုင် အဲဒီစက်ရုံဟာ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ဝန်ဆောင်မှုဌာနတခုဖြုတ်လိုက်တာကြောင့် မြန်မာအလုပ်သမား ၂၀၀ ကျော် အလုပ်ပြုတ်သွားတာဖြစ်ပြီး အလုပ်ရှင်နဲ့ ညှိနှိုင်းပေးနေတယ်လို့ မြန်မာအလုပ်သမားသံအရာရှိ ဦး‌ဝေလင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။ 

“အလုပ်သမားတွေကို စခန့်တုန်းကတော့ အထောက်အထားစုံတာရော မစုံတာရော၊ တခြားနေရာကပြောင်းလာပြီး အလုပ်ရှင်မပြောင်းရသေးတာတွေကော အကုန်ခန့်တယ်၊  ခုနောက်ပိုင်း သက်ဆိုင်ရာက အလုပ်သမားတွေကို အထောက်အထားပြည့်စုံမှန်ကန်မှခန့်ဖို့ ဖိအားပေးလာတာရှိတယ်။ ပရိုဗိုက်တာနဲ့ သူတို့ကြားမှာ အခန့်မသင့်တာတွေလည်းရှိတော့ အဲဒီ ဆားဗစ်တတွဲလုံးဖြုတ်လိုက်တာပေါ့။ အစက အလုပ်ဖြုတ်ခံရတာ ၆၀၀ ကျော်ရှိတယ်။ ကျနော်ရယ်၊ နောက်သံအရာရှိ ဦးဇော်မင်းထွေးရယ် သွားပြီးတော့ အလုပ်သမားကာကွယ်ရေးရုံးက တာဝန်ရှိသူတွေနဲ့အတူ အလုပ်ရှင်နဲ့သွားညှိနှိုင်းတာ ၄၀၀ ကျော်က အဲဒီစက်ရုံထဲမှာပဲ တခြားဆက်ရှင်တွေမှာ ပြန်ဝင်ရလို့ ပြေလည်သွားပြီ၊  အခုနောက်ထပ် ၂၀၀ ကျော်က သူတို့မှာ အထောက်အထားမကိုက်ညီတာတွေ၊ မပြည့်စုံတာတွေကြောင့် ဘယ်လိုအဆင်ပြေအောင် လုပ်ပေးရမလဲဆိုတာကို ညှိနှိုင်းနေပါတယ်။”

အလားတူ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ချွန်းပူးရီးခရိုင် လဲမ်ချဘန်းစက်မှုစက်ရုံဇုန်က ခရီးသွားအိတ်အမျိုးမျိုး ထုတ်လုပ်တဲ့စက်ရုံဟာလည်း  အရှုံးပေါ်နေလို့ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ကစ စက်ရုံပိတ်သိမ်းလိုက်တာကြောင့် မြန်မာလုပ်သားအများစုပါတဲ့ အလုပ်သမား ၂၀၀၀ ကျော် အလုပ်ပြုတ်သွားခဲ့ရပါတယ်။ 

အဲဒီပြဿနာကို မြန်မာအလုပ်သမားသံအရာရှိက သွားရောက်ညှိနှိုင်းပေးခဲ့ပြီး လော လောဆယ် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးက နစ်နာကြေးရဖို့ ဆက်လက် ဆောင်ရွက်နေကြောင်း၊ အလုပ်ဖြုတ်ခံရသူတွေ အခြားတနေရာမှာ ဆက်ပြီး အလုပ်ရဖို့ သက်ဆိုင်ရာ မြန်မာအလုပ်သမားအေဂျင်စီတွေကလည်း ကူညီရှာဖွေပေးနေတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ ဒီနှစ်ထဲ စက်ရုံအလုပ်ရုံပိတ်တဲ့သတင်း မကြာခဏကြားနေရတာပါ။ အမေရိကန်ကလည်း နောက် ၆ လကြာရင် ထိုင်းနိုင်ငံက တင်ပို့ရောင်းချနေတဲ့ ကုန်ပစ္စည်းအမျိုးအစားပေါင်း ၅၀၀ ကျော်ကို အခွန်ကင်းလွတ်ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားတာကြောင့် လာမယ့်နှစ်ထဲ ထိုင်းမှာ အလုပ်လက်မဲ့ ဦးရေ ၅ သိန်းမှ ၆ သိန်းထိ ရှိလာနိုင်တယ်လို့ နိုင်ငံတကာအလုပ်သမားအရေးဆောင်ရွက်နေသူတွေက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013