DVB Logo
Home
မြန်မာသတင်း
ဝမ်းနည်းတတ်တဲ့ချစ်သူသီချင်းဖြင့် အစွမ်းပြယှဉ်ပြိုင်ခဲ့သူ ချင်းတိုင်းရင်းသား ယောကီး(ရုပ်သံ)
DVB
·
November 8, 2019
ဝမ်းနည်းတတ်တဲ့ချစ်သူသီချင်းဖြင့် အစွမ်းပြယှဉ်ပြိုင်ခဲ့သူ ချင်းတိုင်းရင်းသား ယောကီး(ရုပ်သံ)
Donate to DVB

တပတ်ထက်တပတ် ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာနေတဲ့ မြန်မာအိုင်ဒေါရဲ့ ပြိုင်ပွဲအဆင့်ဟာ ခုတခါမှာတော့ ဒုတိယမြောက်သီတင်းပါတ် ရော့ခ်သီချင်းတွေနဲ့ ညကို ရောက်ရှိလို့ လာနေခဲ့ပြီ ဖြစ်ပါတယ်။

       မနေ့ညက ယှဉ်ပြိုင်ခဲ့ကြသူတွေထဲမှာတော့ မင်းတပ်မြို့က လာရောက်ယှဉ်ပြိုင်တဲ့ ယောကီးကလည်း တယောက်အပါအဝင်ဖြစ်ခဲ့ပြီး သူကတော့ ဝမ်းနည်းတတ်တဲ့ ချစ်သူသီချင်းနဲ့ အစွမ်းပြယှဉ်ပြိုင်သွားခဲ့တာပါ။

       “အားတင်းထားပါဦး… မငိုနဲ့ကွာဆက်ပြီးတော့… အရှုံးမပေးဘူးနော်… ငါတို့ဘဝ အတွက်ပေါ့… အတူတူ ကြိုးစားခဲ့တာပဲ… ကံတရားဟာ ထင်သလောက်တော့… မရက် စက်ခဲ့တဲ့အတွက်… တို့နှစ်ယောက် မျှော်လင့်နိုင်ပါသေးတယ်”

       ဒီသီချင်းကတော့ လူငယ်ပရိသတ်အများအပြားသိတဲ့ IDIOTS အဖွဲ့မှ တေးသံရှင် ရေမွန်ရဲ့  သီချင်းတပုဒ်ဖြစ်ပြီး ယောကီးရဲ့ အားမာန်ပါပါ သီဆိုဟန်နဲ့ ပရိသတ်တွေက ရှု စားခဲ့ကြရတာ ဖြစ်ပါတယ်။

       ယောကီးဟာ ပြီးခဲ့တဲ့ သီတင်းပါတ်က ကျင်းပခဲ့တဲ့ Performance Show တုန်းက တော့ နာမည်ကျော် ရော့ခ်ကာကြီး လေးဖြူရဲ့ တကိုယ်ရေလွမ်းဆွတ်မှုသီချင်းနဲ့ အ ကောင်းဆုံး သီဆိုယှဉ်ပြိုင်ခဲ့ပြီး နောက်တဆင့် တက်လှမ်းနိုင်ခဲ့တာပါ။

Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အ ဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေ ကြတာဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။

“Baby မင်းမျက်လုံးတို့ အားဖျော့ခိုက်… ငါ့ရဲ့ပုခုံးထက် မှေးစက်လိုက်… အခက်အ ခဲများအတွက် ငါအရှေ့ကရှိတာပဲ… ဘယ်လိုအဆိုးဆုံး နေ့တို့ ဖြတ်ရလည်း… ရောင့်ရဲတဲ့ အတွက် ကျေးဇူးတင်တယ်… နောက်ထပ်အဆိုးတို့ မရှိဖို့ ကတိတွေပဲ… လာပါ ဝမ်းနည်း တတ်တဲ့ချစ်သူ အားမငယ်နဲ့”

ယောကီးရဲ့ အသံပါဝါအားကောင်းကောင်းနဲ့ ခုလိုသီဆိုယှဉ်ပြိုင်မှုအပေါ် ဒိုင်တွေကတော့ ခုထက်ပိုပြီး ဆိုပြနိုင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြတာလို့ မှတ်ချက်တွေ ပေးခဲ့ကြတာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ ပြိုင်ပွဲဝင်တွေကို မဲပေးရွေးချယ်နိုင်မယ့် Voting Line တွေကို ဖွင့်ထားပေးပြီး MPT, Ooredoo နဲ့ Mytel စတဲ့ ကြိုက်နှစ်သက်ရာ ဖုန်းလိုင်းတွေက တဆင့်လည်း Vote ပေးနိုင်မှာ ဖြစ်ပါတယ်။

ယောကီးရဲ့ Voting No. ကတော့ 77701 ဖြစ်ပြီး ဒီကနေ့ညနေ ၆ နာရီအထိ မဲပေးရွေးချယ် အားပေးနိုင်မှာ ဖြစ်ပါတယ်။

       Top Finalists ၁၁ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပါတ် Performance Show မှာတော့ ပြိုင်ပွဲဝင်တွေထဲက ခြူးစစ်ဟန်က ထွက်ခွာသွားခဲ့ရတာမို့ ခုညနေ Result Show မှာရော ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် တက်သွားမလဲ၊ ဘယ်သူတွေကတော့ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013