DVB Logo
Home
မြန်မာသတင်း
၈၈မျိုးဆက် ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီတို့ ကော့သောင်းတွင် လူငယ်များနှင့်တွေ့ဆုံဟောပြော 
DVB
·
November 8, 2019
Donate to DVB

၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်  ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့ဟာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့မှာ ဒေသခံ ကျောင်းသား လူငယ်တွေနဲ့ တွေ့ဆုံပြီး အနာဂတ်ပညာရေးဟောပြောပွဲ ပြုလုပ်သွားပါတယ်

ကော့သောင်းခရိုင် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့  တနင်္သာရီတိုင်းပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်တဲ့ ပညာဟောပြောပွဲကို နိုဝင်ဘာ  ၇ ရက်က ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ အဟိုင်ခြံကွင်းပြင်မှာ ကျင်းပခဲ့တာပါ။

ဟောပြောပွဲမှာ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့က နိုင်ငံတကာ ပညာရေးစနစ်နဲ့ အနာဂတ်ပညာရေး၊ နောင်အနာဂတ်မှာ စိတ်ချယုံကြည်ကျင့်ဝတ်သိတတ်တဲ့ မျိုးဆက်သစ်လူငယ်တွေ ပေါ်ထွန်းလာရေးနဲ့ ပတ်သက်ပြီး လူငယ်တွေကို ဟောပြောသွားပါတယ်။ 

ဟောပြောပွဲကို မေတ္တာစိုးကိုယ်ပိုင်ကျောင်း အလင်းရောင်ကိုယ်ပိုင်ကျောင်းက ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာဆရာမတွေအပြင် တခြားစိတ်ဝင်စားသူတွေလည်း တက်ရောက်ကြပြီး ကျောင်းသားတွေက အပြန်အလှန် မေးခွန်းတွေ မေးမြန်းခဲ့ကြပါတယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်နှစ်ဦးဟာ ဒီကနေ့ ကော့သောင်းမြို့ အမှတ်(၁) အထက်တန်းကျောင်းနဲ့ အမှတ်(၃) အထက်တန်းကျောင်းတွေက ကျောင်းသားလူငယ်တွေကို ဆက်လက်ဟောပြောဖို့ရှိပါတယ်။ နိုဝင်ဘာ ၉ ရက်မှာတော့ ကော့သောင်းမြို့က ပြည်သူလူထုတွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။

လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013