DVB Logo
Home
မြန်မာသတင်း
ပရိသတ်အချစ်တော် မြန်မာအိုင်ဒေါပြိုင်ပွဲဝင်အေးမြဖြူ၏ “မြင်သောငိုသော မျက်လုံးများ”(ရုပ်သံ)
DVB
·
November 8, 2019
ပရိသတ်အချစ်တော် မြန်မာအိုင်ဒေါပြိုင်ပွဲဝင်အေးမြဖြူ၏ “မြင်သောငိုသော မျက်လုံးများ”(ရုပ်သံ)
Donate to DVB

       “မြင်နေတယ်မျက်လုံးများ ရှိခဲ့လို့… မြင်တာကိုမျက်လုံး လွှဲပစ်လိုက်… ငါဒီလို ရှောင်တိမ်း ကြိုးစား မျက်စိမှိတ်… ငိုနေပြီမှိတ်သော ငါ့မျက်စိ… မြင်နေတယ် မျက်လုံး များ… မမြင်အောင်ပိတ်ပစ်လည်း… မြင်တာကို အိပ်မက်ဆက်မက်ကြ… မျက်လုံးများ ငါ တားလို့မရ”

       ဒီသီချင်းကတော့ ထူးခြားတဲ့ သီချင်းခေါင်းစဉ်၊ တေးသွားတွေနဲ့ တချိန်က နာမည်ကြီးခဲ့တဲ့ သီချင်းတပုဒ်ဖြစ်ပြီး ဒီတခါမှာတော့ မြန်မာအိုင်ဒေါပြိုင်ပွဲရဲ့ စင်မြင့်ထက်မှာ  ပရိသတ်အချစ်တော် ပြိုင်ပွဲဝင် အေးမြဖြူရဲ့ သီဆိုယှဉ်ပြိုင်မှုနဲ့ ရှုစားကြရမှာပါ။

       တေးရေး မောင်သစ်မင်းက ရေးဖွဲ့ပေးထားပြီး သရုပ်ဆောင်အဆိုတော် မင်းသားကြီး ကျော်ဟိန်း သီဆိုအောင်မြင်ခဲ့တဲ့ ဒီသီချင်းကိုတော့ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ နာမည်ကြီးမင်းသား ဒွေးအပါအဝင် တခြားအဆိုတော် အတော်များများလည်း သီဆိုခဲ့ကြဖူး ပါတယ်။

       ပြီးခဲ့တဲ့ သီတင်းပါတ်က Performance Show မှာ နီနီခင်ဇော်ရဲ့ လွမ်းခွင့်လေး သီ ချင်းနဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့ပြီး နောက်တဆင့် တက်လှမ်းလာနိုင်ခဲ့တဲ့ အေးမြဖြူဟာ ပါးနပ်တဲ့ သီဆိုဟန်နဲ့အတူ ခုတပါတ်မှာလည်း အစွမ်းပြနိုင်ခဲ့ပြန်ပါတယ်။

       အသက် ၉ နှစ်အရွယ်လောက်ကတည်းက Starlet’s Sky – ကြယ်ကလေးတွေရဲ့ ဂီတမိုးကောင်းကင်သီချင်းဆိုပြိုင်ပွဲမှတဆင့် Myanmar Idol ရဲ့ စင်မြင့်ဆီကို တက်လှမ်း လာခဲ့တဲ့ အေးမြဖြူဟာ လက်ရှိမှာတော့ အသက် ၁၆ နှစ်အရွယ်ရှိနေပြီဖြစ်ကာ အသက် အငယ်ဆုံး ပြိုင်ပွဲဝင်ဖြစ်လာခဲ့ပါတယ်။

အေးမြဖြူဟာ Myanmar Idol ရဲ့ Audition အဆင့်မှာလည်း နီနီခင်ဇော်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ရက်စက်သွားသူသီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။

Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အ ဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေ ကြတာဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။

       “ရင်နာစွာငါ့နှလုံးသားများ ကွဲအက်… ကာကွယ်ရန် ခွန်အားများ ဆုံးရှုံး… နင်ဒီလို ငါ့အသည်းခွဲရန် အရွဲ့တိုက်သလား… မြင်အောင် ကြည့်သော ငါ့အပြစ်လား… မြင်နေ တယ် မျက်လုံးများ… မမြင်အောင် ဇွတ်အတင်းပိတ်ပစ်လည်း… မြင်တာကို အိပ်မက် ဆက်မက်ကြ… မျက်လုံးများ ငါတားလို့မရ”

       အေးမြဖြူရဲ့ သီဆိုယှဉ်ပြိုင်မှုအဆုံးမှာတော့ ရော့ခ်သီချင်းတွေ သီဆိုမှုတွေကို သီဆိုတာ မမြင်ဖူးသေးတဲ့ ဒိုင်တွေအဖို့ အံ့အားတသင့်နဲ့ ချီးကျူးမှတ်ချက်တွေ ပေးခဲ့ကြတာ ကိုတွေ့ရပါတယ်။

လတ်တလောမှာတော့ ပြိုင်ပွဲဝင်တွေကို မဲပေးရွေးချယ်နိုင်မယ့် Voting Line တွေ ကို ဖွင့်ထားပေးပြီး MPT, Ooredoo နဲ့ Mytel စတဲ့ ကြိုက်နှစ်သက်ရာ ဖုန်းလိုင်းတွေက တဆင့်လည်း Vote ပေးနိုင်မှာ ဖြစ်ပါတယ်။

အေးမြဖြူရဲ့ Voting No. ကတော့ 77711 ဖြစ်ပြီး ဒီကနေ့ညနေ ၆ နာရီအထိ မဲ ပေးရွေးချယ် အားပေးနိုင်မှာ ဖြစ်ပါတယ်။

Top Finalists ၁၁ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပါတ် Performance Show မှာတော့ ပြိုင်ပွဲဝင်တွေထဲက ခြူးစစ်ဟန်က ထွက်ခွာသွားခဲ့ရတာမို့ ခုညနေ Result Show မှာရော ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် တက်သွားမလဲ၊ ဘယ်သူတွေကတော့ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရမလဲဆိုတာကိုတော့ စောင့် မျှော်ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013