DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
November 8, 2019
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
Donate to DVB

အပတ်စဉ်ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေ အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

       မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ စိတ္တဇဆန် တဲ့ Psychological Horror အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် နာမည်ကြီးရုပ်ရှင်-Doctor Sleep !

ဒီကားကိုတော့ နာမည်ကျော် Warner Bros. Pictures က ဖြန့်ချိသွားမှာဖြစ် ပြီး Horror ရုပ်ရှင်တွေနဲ့ နာမည်ကြီးတဲ့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Mike Flanagan က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကတော့ နာမည်ကြီး စာရေးဆရာ Stephen King ရဲ့ ၂၀၁၃ ခု နှစ်က ဒီနာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ ဝတ္ထုကို ရုပ်ရှင်အနေနဲ့ အသက်သွင်းပုံဖော်ရိုက်ကူး လိုက်တာ ဖြစ်ပါတယ်။ ဒီဝတ္ထုဟာ Stephen King ရဲ့ ၁၉၇၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Shining ရဲ့ နောက်ဆက်တွဲအနေနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်က ထွက်ရှိ ထားတဲ့ The Shining ရုပ်ရှင်ထဲက ဖန်တီးမှုတွေကို ထပ်မံ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အရင်ရုပ်ရှင်ကားထဲက သဘာဝလွန်စွမ်းအင်တွေရှိတဲ့ ကလေးလေး Danny Torrance ဟာ အရွယ်ရောက်လာတဲ့အချိန်မှာ အရက်စွဲတာတွေ၊ တမလွန်နဲ့ ဆက်သွယ် နိုင်တာတွေနဲ့ အဲဒီလိုအစွမ်းအစရှိသူတွေကို လိုက်လံရှာဖွေနေတဲ့ The True Knot အဖွဲ့ဝင်တွေ ရင်ဆိုင်တွေ့ဆုံလာချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ၊ ဘယ်လိုစိတ်ဝင်စားစ ရာကောင်းတဲ့ အလှည့်အပြောင်းတွေ၊ သွေးပျက်ထိတ်လန့်စရာ အခြေအနေတွေနဲ့ ရိုက် ကူးပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲမှာတော့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသား Ewan McGregor နဲ့ မင်းသမီး Rebecca Ferguson တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြား သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။

IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.5 အထိ ရရှိထားတဲ့ ဇာတ်ကား ကောင်းတကားလည်း ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းမြင် ကွင်းတွေ၊ ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင် တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

Box Office မှာတော့ ဒီရုပ်ရှင်ကားကို အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ နဲ့ ၃၀ ကြား ရရှိနိုင်မယ် လို့ ခန့်မှန်းထားပါတယ်။

ကြာမြင့်ချိန် ၁၅၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

       ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကလည်း ပရိသတ်တွေ သဘောကျနှစ် ခြိုက်ကြမယ့် ဟောလိဝုဒ်အချစ်ဒရာမာဇာတ်မြူးရုပ်ရှင်-Last Christmas !

       ဒီကားကိုတော့ Universal Pictures ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက် တာဖြစ်ပြီး နာမည်ကြီး ဟောလိဝုဒ်ရုပ်ရှင်ကားတွေဖြစ်တဲ့ Spy, Ghostbusters, A Simple Favor စတဲ့ ရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင် အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Paul Feig က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

       ဒီကားထဲမှာတော့ Kate ဆိုတဲ့ ကောင်မလေးနဲ့ Tom ဆိုတဲ့ ကောင်လေးတို့ကြား က အချစ်ဇာတ်လမ်းကို ခရစ္စမတ်ရာသီအခင်းအကျင်းတွေနဲ့ ရိုက်ကူးပုံဖော်ထားခဲ့တာပါ။ Kate ဟာ Elf ဝတ်စုံနဲ့ ခရစ်စမတ်ပစ္စည်းအရောင်းဆိုင်တဆိုင်မှာ အလုပ်လုပ်နေတာဖြစ် ပြီး အရာရာ လွဲချော်မှုတွေနဲ့ ကံမကောင်းတဲ့ ကောင်မလေးတယောက်ပါ။ အဲဒီလို မပျော် ရွှင်ရမှုတွေ၊ စိတ်ဓာတ်ကျစရာတွေနဲ့ လန်ဒန်မြို့ပေါ်မှာ လျှောက်သွားနေချိန်မှာပဲ Tom နဲ့ အမှတ်မထင်ဆုံချိန်မှာတော့ သူ့ရဲ့ ဘဝဟာ တမျိုးတဖုံပြောင်းလဲသွားခဲ့တယ်။ အခက်အ ခဲ အတားအဆီးတွေကြားက သူတို့ ၂ ယောက်ရဲ့ အချစ်ဇာတ်လမ်းက အဆုံးသတ်လှပနိုင် ပါ့မလား၊ ဘယ်လိုအချိုးအကွေ့၊ အလှည့်အပြောင်းတွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆိုတာ ကိုတော့ ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

       ဒီကားထဲမှာတော့ Crazy Rich Asians ရုပ်ရှင်နဲ့ နာမည်ကြီးလာခဲ့တဲ့ ဟောလိ ဝုဒ်သရုပ်ဆောင်မင်းသား Henry Golding ၊ Game of Thrones ဇာတ်လမ်းတွဲတွေနဲ့ သရုပ်ဆောင်ထူးချွန်ဆုတွေ ရရှိထားတဲ့ သရုပ်ဆောင်မင်းသမီး  Emilia Clarke တို့နဲ့အ တူ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး ၂ ဦးဖြစ်ကြတဲ့ Michelle Yeoh နဲ့ Emma Thompson တို့ကလည်း ပါဝင်ထားကြတာပါ။

       ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြော စကား Dialog တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့် တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့ မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။

       ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာသန်း ၃၀ အကုန်အကျခံရိုက် ကူးထားတာ ဖြစ်ပါတယ်။

       ဒီရုပ်ရှင်ထဲမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ နာမည်ကြီး အဆိုတော်၊ တေးရေးဆရာတ ဦးဖြစ်တဲ့ George Michael ရဲ့ Last Christmas သီချင်းအပါအဝင် လုံးဝမထုတ်ရ သေးတဲ့ သီချင်းအသစ်တွေကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

       ကြာမြင့်ချိန် ၁၀၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ထူးခြားတဲ့ တင်ဆက်ပုံတွေနဲ့ ရှုစားကြရမယ့် မြန်မာဒရာမာရုပ်ရှင်-သေတ္တာအမှတ် (၈၈)-Box No. 88 !

ဒီကားကိုတော့ 7th Sense Film Production က တင်ဆက်လိုက်တာဖြစ်ပြီး နေဟိန်းရဲ့ ဇာတ်ညွှန်းကို မုန်းစွဲရုပ်ရှင်နဲ့ ဓာတ်ပုံအကယ်ဒမီထူးချွန်ဆုရ ဒါရိုက်တာ ဝင်း လွင်ထက်က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ကလေးသူငယ် အကြမ်းဖက်မှုတွေ၊ ကြေကွဲစရာ အဖြစ်အပျက်တွေကြားမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ မိဘတွေနဲ့  ဒီ လိုအဖြစ်အပျက်တွေကို ဥပဒေဘောင်အတွင်းက ကိုင်တွယ်ဖြေရှင်းပေးနေတဲ့ တာဝန်ရှိ သူတွေနဲ့ မိဘတွေကြားကပြဿနာတွေကို ဒရာမာဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြ ရမှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်မင်းသား မင်းသမီးတွေဖြစ်ကြ တဲ့ နေတိုး၊ ထွန်းထွန်း၊ အိန္ဒြာကျော်ဇင်၊ သားညီ၊ ဂျင်းနီ၊ ကရာဗီ၊ ရွှေရင်အေး၊ နှင်း သွေးယုအောင်စတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က ရန်ကုန် မြို့၊ Junction Square မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော် ရှိနေခဲ့တာပါ။

ဒီကားကိုတော့ လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါ တယ်။

       မူဗီခရေဇီတွေကို ထပ်ပြီး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ စစ်ပွဲနောက် ခံ သမိုင်းနဲ့ အက်ရှင်ဒရာမာရုပ်ရှင် ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် ဟောလိဝုဒ်ရုပ် ရှင်-Midway !

       ဒီကားကိုတော့ Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးက ဖြန့်ချိမှာဖြစ်ပြီး နာမည်ကြီး ရုပ်ရှင်ကားတွေဖြစ်တဲ့ Independence Day ၊ Godzilla ၊ The Patriot ၊ The Day After Tomorrow စတဲ့ ရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင် ဂျာမန်ရုပ်ရှင်ဒါရိုက်တာ Roland Emmerich က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

       Midway ဆိုတာကတော့ ဒုတိယကမ္ဘာစစ်ကို အလှည့်အပြောင်းဖြစ်စေခဲ့တဲ့ တိုက် ပွဲတခု ဖြစ်ပါတယ်။ ပုလဲဆိပ်ကမ်းကို ဗုံးကြဲပြီး ခြောက်လအကြာမှာတော့ ဂျပန်တွေဟာ အမေရိကန်တပ်တွေကို နောက်တကြိမ် အလစ်အငိုက်တိုက်ဖို့ ကြံစည်ခဲ့တာပါ။ ဒါပေမယ့် မအောင်မြင်ခဲ့ပဲ လုံးဝရှုံးနိမ့်ခဲ့ရတဲ့ တိုက်ပွဲကြီးတခုဖြစ်ခဲ့တာမို့ အဲဒီအခြေအနေတွေနဲ့အ တူ ဒီရုပ်ရှင်ကားထဲမှာ ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်အိမ်တွေနဲ့ ဖန်တီးထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

       ဒီကားထဲမှာတော့ ဟောလိဝုဒ်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Ed Skrein ၊ Patrick Wilson ၊ Luke Evans ၊ Aaron Eckhart တို့နဲ့အတူ အဆိုတော်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Nick Jonas နဲ့ Mandy Moore တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါ တယ်။

ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြော စကား Dialog တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့် တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့ မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။

       ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာသန်း ၃၀ အကုန်အကျခံရိုက် ကူးထားတာ ဖြစ်ပါတယ်။

       လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ယူကျုဘ်ပေါ်မှာတော့ ဝင် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၁၃၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဖြစ်ရပ် မှန်ဇာတ်လမ်းတပုဒ်ကို အခြေခံရိုက်ကူးထားတဲ့ မြန်မာရုပ်ရှင်-ရိုးမပေါ်ကျတဲ့ မျက်ရည် !

ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကတော့ စာရေးဆ ရာ တင်ညွန့်ရဲ့ ဝတ္ထုကို သက်ဦးမောင်နဲ့ မင်းသခင်တို့က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက် တာ ကိုပေါက်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

စာရေးဆရာ တင်ညွန့်ရဲ့ ဒီဝတ္ထုဟာ အမျိုးသားစာပေဆုလည်း ရရှိခဲ့ပြီး ၁၉၈၀ ပြည့်လွန်ကာလက ပဲခူးရိုးမထဲက ရွာလေးတရွာမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို အခြေတည်ထားခဲ့တာပါ။ ခုတခါ ရုပ်ရှင်အနေနဲ့ ဖန်တီးမှုမှာတော့ အဲဒီခေတ်ကာလ အပြင်အဆင်တွေ၊ ကျေးလက်ဒေသကျောင်းဆရာ၊ ဆရာမတွေရဲ့ ဘဝအခြေအနေတွေနဲ့ အတူ ဘဝသရုပ်ဖော် ဒရာမာဇာတ်လမ်းတပုဒ်အနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား မြင့်မြတ်၊ ထူး အောင်၊ အောင်ရေချမ်း၊ အိနြ္ဒာကျော်ဇင်၊ ခိုင်သင်းကြည်၊ မေမြင့်မိုရ်နဲ့ တခြားသရုပ်ဆောင် တွေ အများကြီးပါဝင်ထားကြတာပါ။

ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့က ရန်ကုန် မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းကျော် ရှိနေခဲ့တာပါ။

ဒီကားကိုတော့ လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါ တယ်။

Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၉.၁၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013