DVB Logo
Home
မြန်မာသတင်း
မြန်မာအမျိုးသမီးထုအတွက် အမျိုးသမီးအမတ်များ ပိုမိုလိုအပ်နေပြီလား
DVB
·
November 8, 2019
မြန်မာအမျိုးသမီးထုအတွက် အမျိုးသမီးအမတ်များ ပိုမိုလိုအပ်နေပြီလား
Donate to DVB

၂၀၁၄ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ လူဦးရေ (၅၀)သန်းကျော်ရှိသည့် မြန်မာနိုင်ငံတွင် အမျိုးသမီးအရေအတွက်သည် ၅၂ရာခိုင်နှုန်းအထိ ရှိနေပြီး အမျိုးသားအရေအတွက်ထက် နှစ်သန်းနီးပါး ပိုမိုများပြားနေပါသည်။

သို့သော်လည်း ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲမှ ထွက်ပေါ်လာသော လွှတ်တော်အမတ်များ၏ ကျား – မ အချိုးအစားကို လေ့လာကြည့်ပါက အမျိုးသမီးအမတ်ပါဝင်မှုသည် သိသာစွာ လျော့နည်းနေသည်ကို တွေ့ရပါသည်။


အမတ်အရေအတွက် ၆၅၇ ရှိသည့် ပြည်ထောင်စုလွှတ်တော်ကြီးထဲတွင် အမျိုးသမီးအမတ်စုစုပေါင်း ၆၉ဦးသာ ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၁၁ ရာခိုင်နှုန်းသာရှိပါသည်။ အဆိုပါ ၆၉ဦးအနက် ၄၆ဦးသည် ပြည်သူ့လွှတ်တော်တွင် ဖြစ်ပြီး အမျိုးသားလွှတ်တော်တွင် ၂၃ဦး ဖြစ်ပါသည်။

အမှန်တကယ် အထွေထွေရွေးကောက်ပွဲမှ ထွက်ပေါ်လာသော ရွေးကောက်ခံ အမတ် ၄၉၁ ဦးတွင်တော့ အမျိုးသမီးအမတ်အရေအတွက် ၆၇ဦးပါဝင်ပြီး ပါဝင်မှုရာခိုင်နှုန်း ၁၃ဒသမ၀၉ရာခိုင်နှုန်းဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ တိုက်ရိုက်ရွေးချယ်ခွင့်ရသော ပြည်ထောင်စုလွှတ်တော်အတွင်း တပ်မတော်သားကိုယ်စားလှယ် ၁၁၆ဦးတွင်တော့ အမျိုးသမီးတပ်မတော်သား ကိုယ်စားလှယ် နှစ်ဦးသာ ပါဝင်ပြီး ပါဝင်မှုရာခိုင်နှုန်း ၁ဒသမ၇ရာခိုင်နှုန်းသာ ရှိပါသည်။

ထို့ကြောင့် အမျိုးသမီးထု ပိုမိုထူထဲသည့် မြန်မာနိုင်ငံအတွက် ဥပဒေပြုကဏ္ဍတွင် အမျိုးသမီးအမတ်များ ပိုမိုလိုအပ်နေပြီလားဆိုသည်က တွေးဆကြည့်ချင်စရာ ဖြစ်နေပါသည်။

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်တော့ တစ်နိုင်ငံလုံးရှိ မဲဆန္ဒများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ရွေးကောက်ခံ အမတ်လောင်း ၆၀၃၈ ဦးရှိခဲ့ပြီး ထိုအနက် အမျိုးသမီးအမတ်လောင်း ၈၀၀ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်ကို တွေ့ရသည်။

နှင်းကို-ရေးသည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013