DVB Logo
Home
Lead Story
ဟောလိဝုဒ်အချစ်ဒရာမာဇာတ်မြူးရုပ်ရှင်-Last Christmas ရုံတင်မည်(ရုပ်ရှင်နမူနာ)
DVB
·
November 8, 2019
Donate to DVB

ဟောလိဝုဒ်အချစ်ဒရာမာဇာတ်မြူးရုပ်ရှင် Last Christmas ကို နိုင်ငံတကာမှာ ဒီကနေ့စတင်ရုံတင်ပြသနေပြီး မြန်မာနိုင်ငံမှာလည်း မကြာခင် ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။

ဒီကားကိုတော့ Universal Pictures ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး နာမည်ကြီး ဟောလိဝုဒ်ရုပ်ရှင်ကားတွေဖြစ်တဲ့ Spy, Ghostbusters, A Simple Favor စတဲ့ ရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင် အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Paul Feig က ရိုက်ကူးပုံဖော်ပေးထားတာပါ။

ဒီကားထဲမှာတော့ Kate ဆိုတဲ့ ကောင်မလေးနဲ့ Tom ဆိုတဲ့ ကောင်လေးတို့ကြားက အချစ်ဇာတ်လမ်းကို ခရစ္စမတ်ရာသီအခင်းအကျင်းတွေနဲ့ ရိုက်ကူးပုံဖော်ထားခဲ့တာပါ။ 

Kate ဟာ Elf ဝတ်စုံနဲ့ ခရစ္စမတ်ပစ္စည်းအရောင်းဆိုင်တဆိုင်မှာ အလုပ်လုပ်နေတာဖြစ်ပြီး အရာရာ လွဲချော်မှုတွေနဲ့ ကံမကောင်းတဲ့ ကောင်မလေးတယောက်ပါ။ အဲဒီလို မပျော်ရွှင်ရမှုတွေ၊ စိတ်ဓာတ်ကျစရာတွေနဲ့ လန်ဒန်မြို့ပေါ်မှာ လျှောက်သွားနေချိန်မှာပဲ Tom နဲ့ အမှတ်မထင်ဆုံချိန်မှာတော့ သူ့ရဲ့ ဘဝဟာ တမျိုးတဖုံပြောင်းလဲသွားခဲ့တယ်။ အခက်အခဲ အတားအဆီးတွေကြားက သူတို့ ၂ ယောက်ရဲ့ အချစ်ဇာတ်လမ်းက အဆုံးသတ်လှပနိုင်ပါ့မလား၊ ဘယ်လိုအချိုးအကွေ့၊ အလှည့်အပြောင်းတွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆိုတာကိုတော့ ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ Crazy Rich Asians ရုပ်ရှင်နဲ့ နာမည်ကြီးလာခဲ့တဲ့ ဟောလိ ဝုဒ်သရုပ်ဆောင်မင်းသား Henry Golding ၊ Game of Thrones ဇာတ်လမ်းတွဲတွေနဲ့ သရုပ်ဆောင်ထူးချွန်ဆုတွေ ရရှိထားတဲ့ သရုပ်ဆောင်မင်းသမီး  Emilia Clarke တို့နဲ့အတူ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး ၂ ဦးဖြစ်ကြတဲ့ Michelle Yeoh နဲ့ Emma Thompson တို့ကလည်း ပါဝင်ထားကြတာပါ။

ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့ မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။

ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာသန်း ၃၀ အကုန်အကျခံရိုက် ကူးထားတာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၁၀၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ထဲမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ နာမည်ကြီး အဆိုတော်၊ တေးရေးဆရာတ ဦးဖြစ်တဲ့ George Michael ရဲ့ Last Christmas သီချင်းအပါအဝင် လုံးဝမထုတ်ရသေးတဲ့ သီချင်းအသစ်တွေကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013