DVB Logo
Home
မြန်မာသတင်း
ဗစ်တိုးရီးယားအမှု စီစီတီဗွီမှတ်တမ်းများ ပျောက်ဆုံးနေ  
DVB
·
November 6, 2019
ဗစ်တိုးရီးယားအမှု စီစီတီဗွီမှတ်တမ်းများ ပျောက်ဆုံးနေ  
Donate to DVB

မူကြိုကျောင်းသူလေး ဗစ်တိုးရီးယားအမှုအတွက် နိုဝင်ဘာ ၆ ရက်နေ့က  နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ ၁၀ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး Wisdom Hill ကျောင်းရဲ့ စီစီတီဗွီ မှတ်တမ်းကိုင်သူ တဦးနဲ့ ဆရာမတဦးကို စစ်ဆေးခဲ့ပါတယ်။

ဒီလို စစ်ဆေးတာမှာ သက်သေအဖြစ် တင်သွင်းထားတဲ့ စီစီတီဗွီ မှတ်တမ်းသိမ်းဆည်းတဲ့ Hard Disk ထဲမှာ ဘာဗီဒီယို မှတ်တမ်းမှ မရှိတော့ဘူးလို့ ရှေ့နေ တွေက ပြောပါတယ်။ 

စစ်ဆေးချက်တွေအပေါ်ကို ရှေ့နေ ဒေါစုဒါလီအောင်က “အိုင်တီသမား စစစ်တာကတော့ သူက Hard Disk ထည့်ထားတဲ့ DVR စက်ထဲမှာရှိတဲ့ မှတ်တမ်းနဲ့ သူ့ရဲ့ stick ထဲမှာ ရှိတဲ့ မှတ်တမ်းကို တိုက်ဆိုင်စစ်ဆေးဖို့ဆိုပြီးတော့ ဥပဒေအရာရှိက လျှောက်တဲ့အခါမှာ ကျမတို့က DVR စက်ကို ရုံးရှေ့မှာပဲ ကြည့်ရှု့စစ်ဆေးတဲ့အခါမှာ DVR နဲ့Hard Disk က တွဲလျက်ကို အဲဒီထဲက ဗီဒီယိုဖိုင်တွေ မှတ်တမ်းတွေအားလုံးက ဘာတခုမှမရှိတော့တာကို တွေ့ရတယ်။ အဲဒီအတိုင်းပဲ ပေါ့နော် မရှိတော့တဲ့အကြောင်းကို အိုင်တီသမားကိုခေါ်ပြီးတော့ မှတ်တမ်းတင်ထားတာပေါ့။”

အိုတီပညာရှင်တွေကတော့ ဒီ Hard Diskကို အခုခေတ်နည်းပညာတွေအသုံးပြုပြီး ပြန်လည်ဖော်ထုတ်ရရှိနိုင်ကြောင်းလည်း ပြောပါတယ်။ 

“အိုင်တီပညာရှင်တွေက Hard Diskက အဲဒီတုန်းက အမှန်ဆိုလို့ရှိရင် ဒီHard Disk က သုံးလလောက်ကတည်းကဟာကို ပြန်ပြီးတော့ ကြည့်လို့လည်းရမယ်။ ဒီ Hard Disk  အမှန်မဆိုရင် အခုပေါ်ပေါက်နေတဲ့ အဆင့်မြင့်နည်းပညာတွေ ဆော့ဝဲတွေအသုံးပြုပြီး Hard Diskက ပျက်သွားတာလား သို့မဟုတ် ဖျက်ပစ်တာလား အတိအကျတော့မသိဘူး။ အဲဒီမပါတော့တဲ့ဟာကို ပြန်ပြီးတော့ ဖော်မယ်ဆိုရင် ရနိုင်တယ်တဲ့။”

Hard Disk ထဲက ဖိုင်တွေကို ပြန်ဆည်လို့ ရနိုင်တယ်ဆိုတာကြောင့် လုံးလုံးမရှိ‌တော့ ဖိုင်ကို ပြန်ဆည်ဖို့ အိုင်တီပညာရှင်ကို ရုံးခေါ်သက်သေအနေနဲ့ ခေါ်ပေးဖို့ လျှောက်ရာမှာ ဥပဒေ ပညာရှင်က အိုင်တီပညာရှင်အပြင် ရဲအရာရှိတဦးနဲ့ ဒီHard Disk ဆင်ခဲ့တဲ့ ကုမ္ပဏီကို ခေါ်ယူသင့်ကြောင်း တင်ပြတဲ့အတွက် ရုံးတော်က သင့်တော်တဲ့အချိန်မှာ အမိန့်ချမယ်ဆိုပြီးတော့ ဆုံးဖြတ်ခဲ့ပါတယ်။ 

သင့်တော်တဲ့အချိန်က ဘယ်အချိန်လဲဆိုတာ မသိရကြောင်းနဲ့ ဒီဖိုင်တွေ ပြန်တွေ့ခဲ့မယ်ဆိုရင် အမှုအတွက် အထောက်အကူဖြစ်လာမယ်လို့လည်း ဒေါ်စုဒါလီအောင်က ပြောပါတယ်။ 

ဒါ့အပြင် Wisdom Hill ကျောင်းက စီစီတီဗွီမှတ်တမ်းထိန်းသိမ်း ကိုရန်နောင်ဌေးကို စစ်ဆေးရာမှာလည်း “စီစီတီဗွီမှတ်တမ်းနဲ့ပတ်သက်လို့ ဒီဟာကို သူတို့အဆောင်မှာ ၈ ပေလောက်လေးနဲ့ နံရံမှာ သူက ကပ်ထားတယ်။ ဒါနဲ့ပတ်သက်လို့ ဒီဟာကို စီအိုင်ဒီက ဖြုတ်ခိုင်းလို့ သူအပ်ပေးခဲ့တယ် ပေါ့နော်။ အပ်ပေးခဲ့တဲ့ စီအိုင်ဒီက ပြန်ပေးတဲ့အခါမှာ… ပေါ့နော်။ အဲဒီ ပြဿနာတက်ပြီးတော့ မကြာဘူး။ Hard Disk ထဲက ဗွီဒီယိုဖိုင် ၁၁ ဖိုင်ကိုတော့ ကူးယူလို့ရခဲ့တယ်။ ဗွီဒီယို ၁၁ ဖိုင်ကလည်း ကျမတို့မေးတာက ဒီဟာက ဖိုင်မှာက နည်းပညာသမားတွေရဲ့ စစ်ဆေးပေါ်ပေါက်ချက်အရက ဒီ ၂၄ နာရီကို Hard Diskက တဖိုင်သိမ်းတယ်ပေါ့နော်။ သို့မဟုတ် မနက် ၈ နာရီကနေ ညနေ ၅ နာရီစာ အထိကို ဒေါင်းလုပ် စွဲလိုက်တယ်ဆိုရင် ဒီမှတ်တမ်းကြီးက တဆက်တစပ်ထဲပေါ့နော်။ အိုင်တီသမား ပြောတာက တဆက်တစပ်ထဲပဲထွက်မယ်။ အပိုင်းပိုင်း တော့ မထွက်နိုင်ဘူးပေါ့နော်။ အဲလိုသူက ပြောတယ်။ ဒီ ၁၁ ဖိုင်ခွဲရတာက ဒါက ဖြတ်ပြီးတော့ ယူတာလည်း ဖြစ်နိုင်တယ်ပေါ့။”

ဒီလိုဖိုင် ပိုင်းပိုင်းပြတ်နေတဲ့ ကိစ္စမှာ သူစတင်ကူးယူကတည်းက ဒီအတိုင်းသာ ထွက်လာ ခဲ့တာလို့လည်း ပြောဆိုခဲ့ကြောင်း ပြောပါတယ်။ 

ဒါပေမယ့် ရုံးတော်တင်လာတဲ့  Hard Diskမှာ ဘာဗီဒီဖိုင်မှတ်တမ်းမှမရှိဘဲ stick ထဲမှာ သာ အပိုင်းပိုင်း ဖြတ်ထားတဲ့ ဖိုင် ၁၁ ဖိုင်တွေ့ရှိခဲ့တာဖြစ်ပြီး အဲဖိုင် ၁၁ ဖိုင်ကို သက်သေခံ မသွင်းထားသေးဘူးလို့လည်း ပြောပါတယ်။ 

ဒါ့အကြာင့် ဒီ Hard Diskထဲက  ဗွီဒီယိုဖိုင်တွေက ဘယ်လိုပျောက်သွားလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ပြောပါတယ်။ 

ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်လို့ လာမယ့်နိုဝင်ဘာ ၂၀ ရက်နေ့မှာ ရုံးချိန်း ပြန်ချိန်းဆိုထားပြီး အဲဒီနေ့မှာ ဆရာဝန်နဲ့ ဒေါ်ဥမ္မာလှိုင်ကို စစ်ဆေးမှာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013