DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းပေါ် နာမည်ကြီးနေသည့် အေသင်ချိုဆွေ၏ အလန်းစားသီချင်းသစ်-Easy Going(ရုပ်သံ)
DVB
·
November 6, 2019
အွန်လိုင်းပေါ် နာမည်ကြီးနေသည့် အေသင်ချိုဆွေ၏ အလန်းစားသီချင်းသစ်-Easy Going(ရုပ်သံ)
Donate to DVB

       “ဟိုအရင်တုန်းက ဆုပ်ကိုင်ဖူးတဲ့… လက်ဖဝါးလည်း မရှိတော့ဘူး… ဝိုင်ပုလင်းကြီး အခုကိုင်ထားတယ်… သန်းခေါင်ကျော်တဲ့အထိသောက်ကာမူး… သေ တောင်မခွဲဘူး ပြောကာထားခဲ့… အိမ်မက်ဆိုးထဲ လက်ပစ်ကူး… လက်တလောတော့ အ သည်းတွေကွဲလဲ… ပြီးရင် အိမ်မက်ထဲလည်း မထည့်တော့ဘူး”

       ဒါကတော့ ပရိသတ်အချစ်တော် တေးသံရှင် အေသင်ချိုဆွေရဲ့ သီချင်းသစ်တပုဒ် ထဲက စာသားတွေဖြစ်ပြီး လတ်တလောအင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေခဲ့တာပါ။

       Easy Going လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ အေသင်ချိုဆွေက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာ ဖြစ်ပါ တယ်။

 “သူငယ်ချင်းတွေနဲ့ပဲ… အချိန်ပေးကာလျှောက်လည်… စောက်တလွဲတွေချည်းပဲ … ပလပ်တွေကျွတ်တယ်… အတူသွားခဲ့ဖူးတဲ့… နေရာလေးတွေရောက်ခဲ့… ဟာသတွေ ပဲကွယ်… ခုအေးဆေးပဲ… (easy going ပဲ)… အရင်ကထက်လည်း အသည်းမာသွားခဲ့… (easy going ပဲ)… အရင်ကလောက်လည်း မလွမ်းတော့ဘူးပဲ”

ပေါက်တဲ့အိုးအမည်ရတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တချပ်တည်းနဲ့တင် ပရိ သတ်လက်ခံအားပေးမှုတွေ ရရှိခဲ့တဲ့ အေသင်ချိုဆွေဟာ တခြားအတွဲသီချင်းအယ်လ်ဘမ် တွေထဲမှာလည်း သီဆိုအောင်မြင်ခဲ့ပြီး နောက်ထပ်ထွက်ရှိခဲ့တဲ့ တကိုယ်တော် တေးအယ် လ်ဘမ်တွေဖြစ်တဲ့ အနီးဆုံးလူ… နမ်းမှာလား၊ Play Boy စတဲ့ တေးအယ်လ်ဘမ်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်ခဲ့တာပါ။

အဲဒီနောက်တော့ ဂီတလောကကနေ အချိန်ကာလ အတန်ကြာပျောက်နေခဲ့ပြီး နောက်ပိုင်းမှာတော့ သီချင်းတွေနဲ့အတူ အနုပညာလှုပ်ရှားမှုတွေ ပြန်လည်လုပ်ဆောင်ခဲ့ တာပါ။

တကိုယ်တော် မိခင်(Single Mother)တယောက်အနေနဲ့ ရပ်တည်နေတဲ့ သူ့ရဲ့  အ သည်းကွဲသီချင်းတွေ မဆိုတော့ဘူး၊ ကမ္ဘာကြီးလောက်၊ Never Give Up သီချင်းတွေ အပြင် သမီးလေးအတွက် သီဆိုထားတဲ့ For My Little Girl သီချင်းဟာလည်း ပရိသတ် လက်ခံအားပေးခဲ့တဲ့ သီချင်းတပုဒ်ပါ။

“ဆံပင်လေးလည်းညှပ်လိုက်သေးတယ်… လိုရင်မိတ်ကပ်လေးပါ လူး… Gym တွေ‌ဆော့လို့ ဝိတ်ပါလျော့တယ်… ငါပုံတုံးကြီးမဟုတ်တော့ဘူး… Sexy ကျတဲ့ အ၀တ် တွေရွေးချယ်… အရင်က ဒီဇိုင်းကြီး မဟုတ်တော့ဘူး… နင်ပစ်သွားတဲ့ ဘီလူးမကြီးဟာ …နတ်သမီးလေးဖြစ်ပြီ အခု”

စွန့်ပစ်သွားခဲ့တဲ့ ချစ်သူကြောင့် စိတ်ညစ်မနေပဲ ဘဝကို အရှုံးမပေးပဲ ဆက် လျှောက်လှမ်းဖို့ ခွန်အားပေးနိုင်တဲ့ တေးသွားသံစဉ်တွေနဲ့ အကအလှတွေ ပေါင်းစပ်ထားတဲ့ ဒီသီချင်းဟာ ပရိသတ်တွေကြားမှာတော့ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013