
Grand Theft Auto 6 ဂိမ်းအတွက် ကြိုတင်မှာယူနိုင်မဲ့ရက်နဲ့ တရားဝင်အသုံးပြုမဲ့ မျက်နှာဖုံးဒီဇိုင်း လက်ရာကို Rockstar ကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိအချိန်အထိ အများစောင့်မျှော်နေကြရာ ဂိမ်းတွေထဲက တခုဖြစ်တဲ့ GTA 6 ကို ဇွန် ၂၅ ရက် မှာ စတင်မှာယူနိုင်တော့မှာပါ။
PlayStation လိုမျိုး Digital Store တွေနဲ့ တခြားသတ်မှတ်ထားတဲ့ ဂိမ်းအရောင်းဆိုင်ကနေ မှာယူနိုင်မှာဖြစ်သလို PS5 နဲ့ Xbox Series ဂိမ်းစက်တွေနဲ့သာ GTA 6 ကို ကစားနိုင်ဦးမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
၂၀၂၅ နဲ့ ၂၀၂၆ မေလမှာ ၂ ကြိမ်တိုင်တိုင် အချိန်ရွှေ့ဆိုင်းခဲ့ရပြီးနောက် ကားသူခိုးဂိမ်းလို့ သိထား ကြတဲ့ GTA 6 ဟာ နိုဝင်ဘာ ၁၉ ရက်မှာတော့ တရားဝင်ထွက်လာဖို့ ရှိနေပါတယ်။
ဒါပေမဲ့လည်း Rockstar က GTA 6 ရဲ့ စျေးနှုန်းကို ဇွန် ၁၈ ရက် ကြေညာချက်ထဲမှာ အသေးစိတ် ဖော်ပြသွားတာမျိုး မရှိပါဘူး။
၂၀၁၃ ခုနှစ်တုန်းက GTA 5 ဂိမ်း ထွက်လာချိန်မှာလည်း Minecraft ပြီးရင် သမိုင်းတလျှောက် ရောင်းအားအကောင်းဆုံး ဒုတိယနေရာကို ပိုင်ဆိုင်ထားပါတယ်။
၂၀၂၅ ခုနှစ်အတွင်း ဂိမ်းလုပ်ငန်းဆိုင်ရာ အကြံပေးကုမ္ပဏီ Epyllion ရဲ့ အစီရင်ခံစာထဲမှာတော့ GTA 6 ဟာ ဒေါ်လာ ၁၀၀ နဲ့ စပြီး ရောင်းချနိုင်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနောက် နမူနာဗီဒီယိုအသစ်ထဲမှာ အဓိကဇာတ်လိုက်တွေ ဖြစ်ကြတဲ့ ဂျေဆင်နဲ့ လူစီယာက တခြား ဇာတ်ကောင်တွေနဲ့အတူ ပါဝင်လာကို တွေ့ရပါတယ်။
ဒါဟာ အမေရိကန်ပြည်နယ် ဖလော်ရီဒါအပေါ် အခြေခံဖန်တီးထားတာဖြစ်တဲ့အလျောက် လီယွန်နိုင်းဒါး ဆိုတဲ့ စိတ်ကူးယဉ်အရပ်ဒေသမှာ ကြိုးကြာနီငှက်တွေနဲ့ မိကျောင်းတွေပါ ထည့်သွင်း ထားပါတယ်။
၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်မှာ ထွက်လာတဲ့ နမူနာဗီဒီယို ၂ ခုအတွင်း GTA 6 ဇာတ်လမ်းသွားနဲ့ ဇာတ်ကောင်တွေအကြောင်း အသေးစိတ် ပုံဖော်ပြခဲ့ပြီးနောက် ဘယ်လိုမျိုး ကစားရမယ်ဆိုတဲ့ (Gameplay) ဗီဒီယိုအသစ်ကို ပရိသတ်တွေက မျှော်လင့်နေပါတယ်။
ဒါကြောင့် YouTube ပေါ်က နမူနာဗီဒီယို ၃ ခုစလုံးကို ပေါင်းလိုက်ရင် ဝင်ရောက်ကြည့်ရှုသူ အရေအတွက်ဟာ ၄၅၆ သန်းအထိ ရှိနေပြီ ဖြစ်ပါတယ်။
Source:Reuters











