DVB Logo
Home
နိုင်ငံရေး
၂၀၂၀ ရွေးကောက်ပွဲတွင် မြင်တွေ့ရမည့် ပါတီသစ်များ
DVB
·
November 6, 2019
၂၀၂၀ ရွေးကောက်ပွဲတွင် မြင်တွေ့ရမည့် ပါတီသစ်များ
1 / 4
Donate to DVB

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်စာရင်းအရ ၂၀၁၉ အောက်တိုဘာလကုန်ထိ တည်ဆဲနိုင်ငံရေးပါတီ စုစုပေါင်း ၉၆ ပါတီရှိသည်။ အဆိုပါ ပါတီများအနက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် ခွင့်ပြုခဲ့သည့် ပါတီအသစ်၂၂ ပါတီလည်း ပါဝင်သည်။ ယင်း ၂၂ ပါတီအနက် ပြည်သူ့ဘဝဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိသဖြင့် ရွေးကောက်ပွဲဥပဒေအရ ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။



လက်ရှိအချိန်အထိ ပါတီအသစ်များ၏ ရုံးချုပ်ရှိရာ နေရာများကိုဖော်ပြရလျှင် စစ်ကိုင်း၊ မကွေး၊ ကရင်၊ ကယား၊ ရှမ်း၊ မွန် စသည့် တိုင်းနှင့် ပြည်နယ်တို့တွင် ၁ ပါတီစီ၊ ရခိုင်ပြည်နယ်တွင် ၂ ပါတီ၊ ကချင်ပြည်နယ်နှင့် နေပြည်တော်တို့တွင်  ၃ ပါတီစီနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၇ ပါတီထိ ရှိသည်။ 



(ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ပါတီအသစ်များ၏ ရုံးချုပ်တည်နေရာ)

 

ပါတီအသစ် ၂၁ ပါတီတွင် တိုင်းသားအခြေပြုပါတီ ၁၂ ပါတီနှင့် အခြားပါတီ ၉ ခုပါဝင်ပြီး ရွေးကောက်ပွဲတွင် ပြည်ထောင်စုတဝန်းလုံး၌ ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ ၁၆ ပါတီရှိကာ  ကျန်ပါတီ ၅ ပါတီသည် ၎င်းတို့၏ သက်ဆိုင်ရာ ဒေသအလိုက် ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိနေပါသည်။ 



တိုင်းရင်းသားအခြေပြုပါတီတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ၀ ၊ နာဂ စသည့် တိုင်းရင်းသားပါတီများ ပါဝင်ကြသည်။ ထူးခြားချက်အနေဖြင့် အဆိုပါ တိုင်းရင်းသားပါတီများသည် သက်ဆိုင်ရာ ပြည်နယ်တွင်ရှိသည့် နိုင်ငံရေးပါတီများအချင်းချင်း စုပေါင်းကာ ပြန်လည်ဖွဲ့စည်း တည်ထောင်ထားခြင်း ဖြစ်သည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013