DVB Logo
Home
မြန်မာသတင်း
လယ်တောသူ အလှမယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်  
DVB
·
November 6, 2019
လယ်တောသူ အလှမယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်  
Donate to DVB

မြန်မာနိုင်ငံ ဆန်စပါးထုတ်လုပ်သူများအသင်းက ကြီးမှူးကျင်းပမယ့် ၅ ကြိမ်မြောက် လယ်တောသူ အလှမယ်ပြိုင်ပွဲ ၂၀၂၀ အတွက် ပါဝင်ယှဉ်ပြိုင်လိုသူတွေကို လျှောက်လွှာတွေ ခေါ်ယူနေပါတယ်။

 ဒီပြိုင်ပွဲကိုတော့ လာမယ့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၉ ရက်ကနေ  မတ်လ ၂ ရက်အထိ ကျင်းပမယ့် မြန်မာအပြည်ပြည်ဆိုင်ရာ လယ်ယာသုံးစက်ကိရိယာပြပွဲ ၂၀၂၀ - Myanmar Int’l Agrimach Expo 2020 နဲ့အတူ ကျင်းပသွားမှာ ဖြစ်ပါတယ်။

လျှောက်ထားနိုင်သူတွေအနေနဲ့ အသက် ၁၈ နှစ်နဲ့ ၂၅ နှစ်ကြား၊ အရပ် ၅ ပေ ၄ လက်မ အထက်၊ ကိုယ်အလေးချိန် ပေါင် ၁၀၀ နဲ့အထက်ရှိသူ၊ ကိုယ်ခန္ဓာကြံ့ခိုင်သူ၊ အိမ်ထောင်မရှိသူ (အပျို)ဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။

ဆုတွေအနေနဲ့ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနဲ့ အခြားဆုတွေ သတ်မှတ်ထားပြီး မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့အတူ ကိုယ်ရေးရာဇဝင်လျှောက်လွှာ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊ ၄” ၆” အရွယ် မြန်မာဝတ်စုံနဲ့ ရိုက်ကူးထားတဲ့ တကိုယ်လုံးပုံ ၁ ပုံ၊ ဘေးတိုက်ပုံ ၁ ပုံ၊ ကိုယ်တပိုင်းပုံ ၁ ပုံနဲ့ စိတ်ကြိုက်အလှပုံ ၁ ပုံ၊ စုစုပေါင်းဓာတ်ပုံ ၄ ပုံ ပူး တွဲပေးပို့ လျှောက်ထားရမှာ ဖြစ်ပါတယ်။

       လျှောက်လွှာပေးပို့ရမယ့် နောက်ဆုံးရက်ကိုတော့ လာမယ့် ဒီဇင်ဘာလ ၂၃ ရက်နေ့ သတ်မှတ်ထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မြန်မာနိုင်ငံဆန်စပါး ထုတ်လုပ်သူများ အသင်းရုံးခန်း၊ UMFCCI Office Tower ၅ လွှာ၊ ဖုန်းနံပါတ် - ၀၁- ၂၃၁ ၄၈၄၁၊ ၀၁- ၂၃၁ ၄၈၄၂၊ ၀၉- ၅၁၈ ၅၇၈၃၊ ၀၉- ၅၁၈ ၅၇၈၄ ဖုန်းတွေကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013