DVB Logo
Home
မြန်မာသတင်း
အင်္ဂလိပ်စာကျွမ်းကျင်မှု နိုင်ငံပေါင်း ၁၀၀ တွင် မြန်မာက အဆင့် ၈၆ ဖြင့် ရပ်တည်
DVB
·
November 6, 2019
အင်္ဂလိပ်စာကျွမ်းကျင်မှု နိုင်ငံပေါင်း ၁၀၀ တွင် မြန်မာက အဆင့် ၈၆ ဖြင့် ရပ်တည်
Donate to DVB

ကမ္ဘာ့နိုင်ငံတွေရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်မှုအညွန်းကိန်းအရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၀၀ နိုင်ငံအနက် အဆင့်  ၈၆ မှာရပ်တည်နေပြီး အာရှနိုင်ငံ ၂၅ နိုင်ငံထဲမှာတော့ အဆင့် ၁၉ နေရာမှာ ရှိနေပါတယ်။

အင်္ဂလိပ်စာကို မိခင်ဘာသာအဖြစ် အသုံးမပြုတဲ့ နိုင်ငံတွေရဲ့ အင်္ဂလိပ်စာတတ်မြောက်မှု အခြေအနေကို  နှစ်စဉ်လေ့လာ စစ်တမ်းကောက်ယူ ထုတ်ပြန်ပေးနေတဲ့ နိုင်ငံတကာ ပညာရေး သုတေသနအဖွဲ့တဖွဲ့ဖြစ်တဲ့ Education First (EF)  အဖွဲ့က ထုတ်ပြန်တဲ့ 2019 English Proficiency Index အညွှန်းကိန်းမှာ ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာလည်း မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၈၈ နိုင်ငံထဲမှာ အဆင့် ၈၂ နဲ့ ရပ်တည်ခဲ့ပြီး အင်္ဂလိပ်စာအညံ့ဆုံးအောက်ဆုံး ၁၀ နိုင်ငံစာရင်းထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှု အဆင့်အမြင့်ဆုံး နိုင်ငံအဖြစ် နယ်သာလန်နိုင်ငံ က ရမှတ် ၇၀ ဒဿမ ၂၇ မှတ်နဲ့ အဆင့် ၁ နေရာမှာ ရှိနေပြီး သူ့နောက်မှာတော့ ဆွီဒင်၊ နော်ဝေ၊ ဒိန်းမတ်နိုင်ငံတွေနဲ့အတူ အာဆီယံဒေသက စင်ကာပူ နိုင်ငံက အဆင့် ၅ နေရာမှာ ရှိနေပါတယ်။

       EF အနေနဲ့ ခုလိုစစ်တမ်းကောက်ယူရာမှာ နိုင်ငံသားတွေရဲ့ တဦးချင်းဝင်ငွေ၊ အင် တာနက်အသုံးပြုနိုင်မှု အခွင့်အလမ်း၊ ပညာရေးအတွက် ငွေကြေးသုံးစွဲမှု၊ အတန်းပညာ သင်ယူတတ်မြောက်မှု၊ ပျမ်းမျှလူဦးရေ စတဲ့ အခြေခံ အချက်အလက်တွေကတဆင့် အခြေ ခံ တွက်ချက်ထားတဲ့ ညွှန်ကိန်းတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကတော့ ရမှတ်စုစုပေါင်း ၄၆ မှတ် ရရှိခဲ့ပြီး စုစုပေါင်း လူဦးရေ ၅၅,၁၂၃,၈၁၄ ယောက်ပေါ် အခြေခံကာ တွက်ချက်ထားတယ်လို့ ဖော်ပြပါတယ်။

တဦးချင်းဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၉၅၇ ဒဿမ ၉၁၊ အင်တာနက် အသုံးပြုနိုင်မှု ရာခိုင်နှုန်း ၂၅ ရာခိုင်နှုန်း၊ ပညာရေးအတွက် အသုံးစရိတ် ၁၀ ဒသမ ၂ ရာခိုင်နှုန်း၊ ကျောင်းနေ အရွယ် ပျမ်းမျှသက်တမ်း ၅ နှစ် ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

အာဆီယံနိုင်ငံတွေရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်မှုအဆင့်တွေမှာတော့ စင်ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်း၊  မြန်မာနဲ့ ကမ္ဘောဒီယားတို့ အစဉ်လိုက်ရပ်တည်နေပြီး လာအိုနဲ့ ဘရူနိုင်း နိုင်ငံတွေကတော့ စာရင်းမှာ ပါဝင်ခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013